Chapter ( 6 )

914 15 0
                                    

♕︎👑ဘုရင့်ရဲ့မုဒြာ👑♕︎  (အပိုင်း -၆)

"မုဒြာ က ဦးစေကိုချစ်လို့ပေါ့...ဦးစေရဲ့..."

"စေ"တစ်ယောက် မျက်လုံးအစုံပြူးသွားရကာ

"ဟင်!"

"ဦးစေ ကရော မုဒြာ ကို မချစ်ဘူးလားဟင်...."

"စေ" ဘာပြန်ပြောရမှန်းမသိ.....

"ကလေးမ ဘာတွေလျှောက်ပြောနေတာတုန်း..."

ဆိုပြီး သူမလေးရဲ့ဆံပင်ကို ဖွလိုက်တဲ့ "စေ"

"ချစ်လို့ချစ်တယ်ပြောတာလေ....
ဘာဖြစ်လို့လည်းဟင်ဦးစေ....
အန်တီမေညိုနဲ့ ဘွားဘွားထား ဆို မုဒြာကို
အရမ်းချစ်တာ...
မုဒြာလည်း အရင်ကဆိုရင်လေအန်တီမေညိုနဲ့ ဘွားဘွားထားကိုသာအချစ်ဆုံး...
ခုတော့ ဦးစေလည်းပါလာပြီ....ဟီးဟီး...
အန်တီမေညိုသာလေ ဦးစေ ကို
ကိုက်စားတတ်တဲ့အကောင်ကြီး
မဟုတ်မှန်းသာ သိရင်
ဦးစေကိုချစ်မှာ
သိလား....ဟီးဟီး...."

"ကိုယ် ဘယ်သူ့ဆီက အချစ်မှ မလိုဘူးကလေးမ"

သူမလေးမှာ ချစ်ရမယ့်သူရှိပေမယ့် "စေ့" မှာတော့
ထိုအချစ်တွေက သေဆုံးခဲ့လေပြီ....
‌"စေ့"အဖေနဲ့အမေ ဆုံးသွားတဲ့ကတည်းက
သူ့ရဲ့ "၅၂၈" ဖြူစင်တဲ့အချစ်ကမ္ဘာလေးဟာ
အမုန်းမီးများသို့....

"ဦးစေ ကဒါဆို မုဒြာ ကို မချစ်ဘူးပေါ့...ဟွန့်..."

သူကတော့ ဘာရယ်မဟုတ် အတိတ်ကကိစ္စတွေက
ခေါင်းထဲရောက်လာတာကြောင့် စဉ်းစားရင်း နှုတ်မှ
ပြောထွက်မိသွားခြင်းပင်...

"ကလေးမ ကိုယ်က အဲ့လိုပြောတာမဟုတ်ပါဘူး"

"အာ့ဆိုရင် ဘာလို့ဘယ်သူ့ကိုမှ မချစ်ဘူးလည်းပြော"

ဒီကလေးမကြည့်စမ်း သူ့ကို ဆိုးလို့ရလို့ဆိုးနေတာ
လက်လေးနှစ်ဖက်ပိုက်ပြီးခေါင်းလေးဟိုဘက်လှည့်ကာ
စိတ်ဆိုးနေပုံလေးကချစ်စရာလေး အထူးသဖြင့် သူမရဲ့ မက်မွန်ရောင်နှုတ်ခမ်းလေး.....

"အဟက်....ကိုယ့် အဖေနဲ့အမေ ကိုအချစ်ဆုံးပေါ့ဗျ"

"ဒါဆို မုဒြာ မပါဘူးပေါ့....ဟွ့န့်"

ဟောဗျာ ရှင်းကာမှ ရှုပ်နေပြီဖြစ်တာကြောင့်.....

"အင့်..."

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now