Chapter ( 15 )

778 20 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 (အပိုင်း-၁၅)

"စေ"တစ်ယောက်သူ့နောက်ပြေးလိုက်လာတဲ့
သူမလေးပုံကိုမျက်လုံးထဲကလုံးဝထွက်မရ.....
သို့ပေမယ့်လည်း ထို မြင်ကွင်းလေးကို
မျက်လုံးစုံမှိတ်လိုက်ပြီး....

"ခန့်ထည်...စိန်ပန်းနီနီကို အရင်ဆုံးသွားမယ်
ပြီးမှ လေဆိပ်သွားမယ်....
ငါအဘိုးကိုပြောစရာရှိသေးတယ်…."

မှိုင်ပျပျဖြစ်နေတဲ့ အကိုလေးရဲ့မျက်နှာက
ဝမ်းနည်းနေမှန်းသိသာလွန်းလှသည်....

"ဟုတ်ကဲ့ပါ...အကိုလေး....."

စိန်ပန်းနီနီစံအိမ်🌺🌺🌺💒💒💒

"တီ   တီ....."

ခြံဝန်းထဲမှ ကားဟွန်းတီးသံကြောင့်
ဦးရာကျော် ကြည့်လိုက်တော့ "စေ့"ကား
ဖြစ်နေသည်....

ဦးရာကျော် ဧည့်ခန်းထဲမှာ ဝင်ထိုက်လိုက်ပြီး....
"စေ" ဝင်လာတော့....

"အဲ့ကလေးမကို မင်းဘယ်ခေါ်သွားတာလည်း?
မဟုတ်မှ နိုင်ငံခြားထိခေါ်သွားမို့လား....?"

အဘိုးဖြစ်သူမှ ခပ်အေးအေးမေးလာသောကြောင့်
"စေ" ခပ်မှိတ်မှိတ်ဝင်ထိုက်လိုက်ကာ....

"နိုင်ငံခြားထိတော့မခေါ်သွားပါဘူး....
ကျနော်က ပေးပြီးသားကတိကိုတည်ပေမယ့်
ကတိမတည်တဲ့သူတွေကို ကြောက်လို့
ဝှက်ထားတာ......."

မြေးဖြစ်သူရဲ့စကားကြောင့် ဦးရာကျော်
မျက်မှောင်ကျုံ့လိုက်ပြီး

"မင်းမရှိတော့ရင် ငါက ကလေးမကို တစ်နေရာရာ
ပို့ပစ်မှာစိုးလို့လား?"

"စေ" ခေါင်းတစ်ဖက်စောင်းကာ ပြန်ဖြေလိုက်သည်...

"အဟက်....သိပ်ဟုတ်တာပေါ့...."

"မင်းဒီကလေးမအပေါ် နောင်တစ်ချိန်
ဘာစိတ်ကူးမှ
ရှိလို့မရဘူးနော်...."

"ဘာလို့လည်း?"

"မင်းမှာ စေ့စပ်ထားပြီးသားသူရှိနေပြီ...."

"လက်ထပ်ထားတာမှမဟုတ်တာ...."

"ဘုရင်!"

"အဖေ နဲ့အမေ ကိုသတ်တဲ့ တရားခံကို သိချင်ရင်
နိုင်ငံခြားသွားမလား နီလာထွဍ်ခေါင်နဲ့ စေ့စပ်မလား
ဆိုပြီး ရွေးချယ်ခွင့်ပေးခဲ့တယ်....
ကလေးမကို အိမ်မှာ မရှိစေချင်တာနဲ့ဘဲ
နီလာထွဍ်ခေါင်နဲ့ ကျနော့်ကို စေ့စပ်ခိုင်းခဲ့တယ်....
ကျနော် သိချင်တာတွေ ကုန်သွားပြီလေ....
ဒါ့ကြောင့် နိုင်ငံခြားကပြန်လာရင်
အဘိုး ကျနော့်ကို ဘယ်အရာကိုမှ
ရွေးချယ်ခိုင်းလို့မရတော့ဘူး..........."

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now