👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၃၀)
"နေကောင်းပါလား....သခင်လေး"
"ဒေါ်ညို.....!"
"စေ" အာမေဋိတ်အသံဖြင့် ရောနှောပြီး
နာမည်ခေါ်လိုက်မိသလို ကားပေါ်ကနေလည်း
ချင်ချင်းဆင်းလိုက်သည်......"ကျွန်မနဲ့ ခဏလောက် စကားပြောခွင့်လေး
ပြုပါလား"တည်ငြိမ်စွာထွက်ပေါ်လာတဲ့ ဒေါ်ညို့အသံ.....
"ကောင်းပြီလေ.....ဆိုင်တစ်ဆိုင်မှာ
ပြောကြတာပေါ့""ရပါတယ် သခင်လေး .....ဟိုအရှေ့နားက
အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ရိပ်လေးမှာ
ဆိုလည်း အဆင်ပြေပါတယ်....."ညနေ ဆည်းဆာ နေဝင်ချိန်က ဖြိုးဖြိုးဖျက်ဖျက်နဲ့
တောက်လောင် လှပနေသလောက်
တစ်ယောက်ကလက်ပိုက်ထားလျက် အနေအထား
တစ်ယောက်ကတော့ အိပ်တန်း ပြန်နေတဲ့
ဌက်ကလေးတွေကို မော့ကြည့်ရင်းနေမိသည်.......
ကောင်းကင်ကြီးကို မော့ကြည့်သူက အမေးဖြင့်
ကန်ရေပြင်ကြီးကို ငေးကြည့်သူက နှုတ်ဆိတ်နေရင်းမှ"မုမုလေး နေကောင်းလားဟင်.....သခင်လေး"
"အင်း ကောင်းတယ်...."
အပိုအလိုမရှိ ဖြေလိုက်တဲ့
သခင်လေးရဲ့စကားကြောင့်
ဒေါ်ညို ပြေပြေလေး ပြုံးမိသည်....."သခင်လေး ရဲ့အနောက်ကို
နောက်ယောင်ခံလိုက်လာတာပါ""သိတယ်...."
"မုမုလေး ၁၈ နှစ် ပြည့်ခံနီးပြီနော် သခင်လေး"
ညို ဒီလို ပြောလိုက်တော့ ကန်ရေပြင်ကြီးကို
နှုတ်ဆိတ်စွာကြည့်နေရင်းမှ ညို့ဆီ ဦးလှည့်ပြီး
ကြည့်လာတဲ့ သခင်လေးက....."အဲ့တော့..…?"
"သခင်လေးရဲ့စကားကို ဒေါ်ညို နားထောင်ပါတယ်
သခင်လေးပြောသလို ဒေါ်ညို ၅နှစ်ကျော်လုံး
မုမုလေးကို လာမတွေ့ဘဲ နေခဲ့ပါတယ်.....""......."
"စိန်ပန်းနီနီကို ခြေဦးတောင် မလှည့်လာခဲ့ပါဘူး"
"ကျနော့်စကား နားထောင်တယ်လည်း
ပြောသေးတယ်
ဒါဆို ဘာလို့ ကျနော့် အနောက်ကို တက္ကဆီစီးပြီး
နောက်ယောင်ခံလိုက်ခဲ့တာလည်း.....ဒေါ်ညို?"
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...