👑ဘုရင့်ရဲ့မုဒြာ👑 (အပိုင်း-၃၅)
"ဘာ....!"
ဦးကျော်ဇေယျ ဖုန်းဖြင့် အကြောင်းစုံ
ရှင်းပြလိုက်ပြီး....."ဒါဆို အဲ့ တက္ကဆီကားသမား ဝင်သွားတာ
စိန်ပန်းနီနီ စံအိမ်ပေါ့ ဟုတ်လား""ဟုတ်ပါတယ် သူဌေး...."
ဒါဆို ဦးရာကျော် လည်း ငါ့လိုဘဲ
သူ့မြေးရဲ့ အနောက်ကို လူတစ်ယောက်
တိတ်တိတ်ပုန်း လွှတ်ပြီး နောက်ယောင်ခံ
လိုက်ခိုင်းတာပေါ့.....?ဦးမဟာထွဍ်ခေါင် ကျေနပ်တဲ့အပြုံးပြုံးလိုက်ပြီး
"၂၄ နာရီလုံး သေချာစောင့်ကြည့်ဖို့ လိုနေပြီ"
"....."
"စိတ်ဝင်စားစရာတွေဖြစ်လာတော့မှာမို့လို့ဘဲ!"
"ဟုတ်ကဲ့ပါ..."
"ဟားဟားဟားးးး"
သဘောကျစွာဖြင့် ဟားတိုက်ရီမောကာ
ဖုန်းချလိုက်ပြီးနောက်"ဦးရာကျော်က ငါ့ထက်တောင်
အကွက်ကျသေးတာဘဲ.....!
တခြားသူမှန်း မရိပ်မိအောင်
တက္ကဆီကားသမားယောင်ဆောင်ခိုင်းပြီး
လူလွှတ်ပြီး နောက်ယောင်ခံလိုက်လိုက်ခိုင်းတယ်..."ရေဆာလို့ အောက်ထပ်ဆင်းလာတော့
စားခန်းထဲမှ မီးကပိတ်နေက
ဟားတိုက်ရီနေတဲ့ အသံကြားလို့
ဇာနည် ထောင့်ကွယ်တစ်နေရာမှာပုန်းပြီး
နားစွင့်နေမိသည်.....စေဘုရင်ရဲ့တည်နေရာ သိရပြီဆိုပေမယ့်
ပျော်လို့မဖြစ်သေးပြန်....
စားသောက်ဆိုင်မှာ သူ့ကို စူးစိုက်ကြည့်ပြီး
ပြောခဲ့တဲ့စကားတစ်ခွန်း....␈¶¶°°^^"ကျနော့်မိဘကို သတ်ခဲ့တဲ့သူက
တစ်ခြားသူဆိုရင်ရော...?"^^°°¶¶␈အရှေ့၌ချထားသော ဝိုင်ခွက်ကို
မော့ချလိုက်ပြီး စားပွဲခုံပေါ်ကို လက်သီးစုပ်ကာ
အားပြင်းပြင်းဖြင့် ထုချလိုက်မိသည်....."ငါပျော်လို့မဖြစ်သေးဘူး.....
စေဘုရင်က ဘယ်လိုလုပ်ပြီးတော့
သိသွားရတာလည်း.....?
သူ့မိဘ နှစ်ပါးကို သတ်တဲ့သူက
ညိုမြမြသင်း မဟုတ်ဘူးဆိုတာ
သူဘယ်လိုသိသွားတာလည်း...?"
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...