👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၂၉)
"ဗုဒ္ဓေါ!!!!"
ကြားလိုက်ရတဲ့ နာမည်ကြောင့် ညို ခြေလှမ်း
အနည်းငယ်ယိုင်နဲ့နဲ့ဖြစ်သွားရသည်....."ရှင်ဘာပြောလိုက်တယ်...."
"သူက ငါတို့ကို ဒုက္ခရောက်အောင်လုပ်မယ့်သူ!"
"ဘာ! မဖြစ်နိုင်တာ ...."
" နင့်ပါးစပ်ပိတ်ထားစမ်း!"
"ကိုကျော်ဇေယျ ကျွန်မတို့ဘယ်လိုလုပ်ကြမတုန်း...."
"ငါတို့သူ့ကို တောင်းပန်ရုံကလွဲပြီး မရှိဘူး...."
တီ.…..!!!!!
ခြံပြင်မှ ကားဟွန်းတီးသံ ကြောင့် ဦးကျော်ဇေယျ
ကြောက်လန့်နေမိသည်..….."ဘာလည်း ဦးကျော်ဇေယျက ငါလာမယ်ဆိုတာ
သိလို့ ထွက်ပြေးသွားပြီလား.....?""သူထွက်ပြေးလို့ရမယ်လို့ မထင်ဘူး အကိုလေး
သူ အကိုလေးကို ဒူးထောက် တောင်းပန်ရုံကလွဲပြီး
သူ ကျန်တာ မလုပ်နိုင်အောင် ကျနော်စီစဉ်ထားတယ်"ခန့်ထည်ရဲ့ စကားကြောင့် "စေ" နားထင်ကိုထောက်ရင်း
ခပ်မဲ့မဲ့ပြုံးလိုက်သည်......"အကိုလေး ခြံစောင့် တံခါးဖွင့်ပေးနေပြီ...."
"ရပြီ ဝင်တော့....."
°°°°°°°°°°°°°°°°°°°°°°°
"ခေါင်းငုံ့ထား...!"
မိန်းမဖြစ်သူကို ဦးကျော်ဇေယျ အံကြိတ်သံဖြင့်
ပြောလိုက်လျှင်......"အိုးဟိုး....အဲ့လောက်ထိ မလိုပါဘူး......အဟက်"
အိမ်ထဲဝင်ဝင်ချင်း ခေါင်းငုံ့ထားတဲ့
ဦးကျော်ဇေယျ ကို မြင်တော့ ခနဲ့တဲ့ အသံဖြင့်
ပြောမိသည်......"ကျနော်တို့ ဂါရဝပြုရမယ့် လူမို့လို့
ခေါင်းငုံ့အရိုအသေ ပြုတာပါသခင်လေး....."ခါးကိုင်းပြီးခေါင်းငုံ့ထားတဲ့ ဦးကျော်ဇေယျရှေ့မှာ
"စေ" ခြေစုံရပ်လိုက်ပြီး ဦးကျော်ဇေယျရဲ့
ခေါင်းကို ခွေးတစ်ကောင်ကို ပွတ်သပ်သလိုမျိုး
ဖြင့် ပွတ်သပ်မိသည်....."ဒီကို ကြည့်ပါဦး ......"
ခေါင်းငုံ့ထားတဲ့ ဦးကျော်ဇေယျ မေး ကို
ဆက်ခနဲ့ မော့ယူလိုက်ပြီးလျှင်......
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...