Chapter ( 33 )

705 14 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 (အပိုင်း-၃၃)

"မောင်ရင်ပြောတော့ မသိဘူးဆို....."

ဦးရာကျော်ကတော့ ဦးမဟာထွဍ်ခေါင်ကို
ထူးဆန်းမှုများစွာဖြင့် စူးစိုက်ကြည့်နေမိရင်း........

"အဘိုးကို ဦးမဟာထွဍ်ခေါင်က မသိဘူးလို့
ပြောထားတယ်ပေါ့....အဟက်"

"........"

"ခင်ဗျားတို့ မိသားစု သုံးယောက်လုံးက
သိပ်ရီရတယ်နော်....."

"........"

"ခင်ဗျားက ကျနော့်အဘိုးကုမ္ပဏီကို ပိုင်ဖို့ကြံနေတယ်
ခင်ဗျားသမီးကလည်း ကျုပ်ဆို သည်းကြီးမဲကြီး ရရင်
ယူချင်နေတာ....ခင်ဗျားသားကလည်း
ကျုပ်ပိုင်တဲ့ဌက်ကလေးကို မှ ကျုပ်မသိအောင်
ခိုးပြီး လွှတ်ပေးဖို့လုပ်တယ်....."

"......."

"စေ" စားပွဲဝိုင်းကို လက်တတောက်တောက်ဖြင့်
ခေါက်ရင်း ခပ်အေးအေးဖြင့် စူးစိုက်ကြည့်ကာ
မေးလိုက်သည်က........

"ခင်ဗျားတို့သုံး‌ယောက်က ဘာတွေလည်း.....?"

မြေးဖြစ်သူရဲ့ စကားကြောင့် ဦးရာကျော်
ဖန်ခွက်ကို တင်းတင်းစုပ်ကိုင်ထားပြီး
ဦးမဟာထွဍ်ခေါင်ကို တရားခံကြည့်သလိုမျိုးအကြည့်ဖြင့် စူးစိုက်ကြည့်နေမိတာကြောင့်.....

ဦးမဟာထွဍ်ခေါင် လေထဲ၌ ရပ်တန့်ထားသော
ဝိုင်ခွက်ကို တစ်ခွက်မော့ကာ
စားပွဲခုံပေါ်ပြန်တင်လိုက်ပြီး.....

"မောင်စေဘုရင် က ဘာတွေပြောနေလည်းတော့
ကျုပ်မသိဘူး...."

စားပွဲဝိုင်းပေါ်မှ တင်ထားသော ဖုန်းကို
ကောက်ယူကာ မက်ဆေ့ဂ်ျ ဝင်ထာသည့် ပုံစံဖြင့်
တစ်ခုခုကို ဖတ်လိုက်ကာ....

"ကျုပ်သမီးမလာနိုင်တော့ဘူးတဲ့ .....
ကျနော့်ကို မက်ဆေ့ဂ်ျပို့လာတယ် ဦးရာကျော်...."

"ဟာ...ထူးဆန်းတယ်နော် လက်ထပ်ပွဲ ဆွေးနွေးဖို့ဆိုရင်
နီလာထွဍ်ခေါင်က မဖြစ်မနေ လာမှာပါ...."

ကွပ်ကနဲ ပြောလိုက်သည့်"စေ့" စကားကြောင့်
ဦးမဟာထွဍ်ခေါင် မသိကျေးကျွန် ပြုလိုက်ပြီး
စကားလမ်းကြောင်းလွှဲလိုက်သည်က.......

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now