👑ဘုရင့်ရဲ့မုဒြာ👑 (အပိုင်း-၄၀)
"ဒေါ်ထားခင်....ဒေါ်ထားခင်!!!!"
"သ....သ...သခင်လေး..."
စံအိမ်ထဲကို ဒေါသတကြီး
ဝရုန်းသုန်းကား ရောက်ချလာတဲ့
သခင်လေးကြောင့် ဒေါ်ထားခင်နှင့် ဒေါ်အေး သည်
"စေ့" အား မျက်နှာချင်းဆိုင်နိုင်စွမ်း မရှိပါ....."ဘယ်လိုဖြစ်တာလည်း ဟမ်!"
ခါးထောက်လျက် မျက်နှာထားတင်းတင်းမာမာဖြင့်
မေးလာတဲ့ သခင်လေးပုံစံကြောင့်
ခေါင်းငုံ့လျက်အနေအထားနဲ့ဒေါ်ထားဟာ...."ဒေါ်ထား ညနေဘက် ပန်းခြံထဲ
လမ်းဆင်းလျှောက်နေတုန်း လူတစ်ယောက်က
ခိုးကြောင်ခိုးဝှက်နဲ့ ဖုန်းပြောနေတာ တွေ့တော့
တိတ်တိတ်ဆိတ်ဆိတ်နားထောင်နေတာ.....
သူဖုန်းပြောချင်းမှာဘဲ "သေချာဆောင်ရွက်ပါ့မယ်"
ဆိုတဲ့ စကားကြောင့် ဒေါ်ထား မသင်္ကာနဲ့
မေးကြည့်တော့ သူ့မိန်းမနဲ့ ဖုန်းပြောနေတာပါတဲ့...
အဲ့လိုနဲ့ ဒေါ်ထားပြန်လှည့်တော့ အဲ့အမျိုးသားက
ဒေါ်ထားကိုချုပ် မေ့ဆေး အုပ်ပြီး အင်ကြင်းပင်
အောက်မှာ တိတ်ခွေတွေနဲ့ ခြေတွေလက်တွေ
ချည်ခဲ့တဲ့အပြင် ဒေါ်ထားပါးစပ်ကိုပါ ပိတ်ထားခဲ့တာ"ရင်တုန်ပန်းတုန်ဖြင့် ပြောနေသည့်
ဒေါ်ထားခင်ဟာ သူမ၏ ရင်ဘတ်ကို
လက်ဖဝါးဖြင့် ဖိကာ ငိုချင်းချလိုက်ပြီး
ဖြေလိုက်သည်က........"ဒေါ်...ဒေါ်ထား နိုး....နိုးလာတော့လေ အဟင့်...
မု....မုမုလေး မရှိတော့တာဘဲ....အဟင့်""စေ" စိတ်ညစ်လွန်းစွာဖြင့်
မျက်ရိုးဆုံကို လက်မနှင့်လက်ညိုး ဖိကပ်လိုက်သည်.....(မျက်ရိုးဆုံ=မျက်စိနှစ်ဖက်ဆုံရာ ၊
အလယ်တွင်နှာခေါင်း)"ကျစ်...ကွာ...."
"အကိုလေး....."
အလောသုံးဆယ်ပြေးလာတဲ့ ခန့်ထည်ကြောင့်
သက်သေများ ရပြီလားဆိုတဲ့ မျှော်လင့်ချက်ဖြင့်
လှည့်ကြည့်လိုက်တော့....."ကျနော် CCTVကို ပြန်စစ်လိုက်တော့
ဦးကျော်ဇေယျရဲ့ မျက်နှာကိုတွေ့ပါတယ်....."
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...