Chapter ( 10 )

896 17 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၁၀)

"စေ" သူမလေးကို "စေ့"ကုတင်‌ပေါ်  သေချာတင်ပေးလိုက်ပြီး....နဖူးလေးပေါ်မှာ
ပျံ့ကျဲကျနေသောဆံစလေးများကို
ဖယ်ရှားပေးရင်း သူမလေးမျက်နှာကို
စိုက်ကြည့်နေမိသည်...

ဒေါက်...ဒေါက်...ဒေါက်

"ကျစ်...ကလေး အိပ်ပျော်နေပါတယ်ဆိုကာမှ..."

အပြင်ကတံခါးခေါက်သံကြောင့်
"စေ" အလိုမကျတာကြောင့် "စေ" ကိုယ်တိုင်
တံခါးနားသွားပြီးဖွင့်လိုက်တော့ ခန့်ထည်ဖြစ်နေ...

"တံခါး အကျယ်ကြီး ခေါက်စရာလိုလို့လား...."

"‌ခင်ဗျာ...."

"ကျစ်...တော်တော့....ဘာမှမဟုတ်တော့ဘူး...
ဘာကိစ္စလည်းပြော"

'ဟွန့် ငါတံခါးခေါက်တာ အဲ့လောက်အသံကျယ်
သွားတာလည်း မဟုတ်ဘဲနဲ့....အကိုလေးတို့များ
ပိုကိုပိုလွန်းတယ်'

ခန့်ထည်တစ်ယောက် စိတ်ထဲတွင် သူတစ်ယောက်
တည်း အတင်းတုတ်နေမိသည်.....

"ခန့်ထည်....!"

"ဗျာအကိုလေး...ရေ..ရေခဲကပ်ဖို့ လာ..လာပေးတာပါ"

"စေ" သူမှာ‌ထားကာ ရေခဲ လာပေးတဲ့ ခန့်ထည်ကို
တစ်ချက်ကြည့်လိုက်သည်...

မနက်ကလည်းသူမ‌လေးကိုစိုက်ကြည့်တဲ့
ခန့်ထည်မျက်လုံးတွေကို ခုချိန်ထိ
ပြန်တွေးလိုက်တိုင်းလုံးဝသဘောမကျ....

"မင်းသွားလိုက်တော့...အခုတစ်လောငါမင်းကို
ကြည့်မရဘူး....ဒီနေ့ပိုဆိုးတယ်.....
ငါခေါ်မှ လာခဲ့ သွားတော့...."

ဒုန်းးးးး!!!

"စေ" တံခါးကို ဆောင့်အောင့်ကာပိတ်လိုက်တော့...
"စေ့" အလိုမကျမှု အမိန့်သံအဆုံး
နှုတ်ခမ်းမဲ့ရွဲ့ကာ ထွက်သွားသူက ခန့်ထည်...

"သူကျတော့ တံခါးကို ပိတ်လိုက်တာများ
ဒုန်းခနဲ မြည်နေတာဘဲ...ငါ့တံခါးခေါက်သံကျ
ကမ္ဘာပျက်နေတဲ့ အတိုင်းဘဲ....ဟွန့် အကိုလေးစုတ်"

မိညိုမပါဘဲ
ပန်းလေးကို သခင်လေး ပြန်ခေါ်လာပြီဆိုတဲ့
အသံကြားတော့ ဒေါ်ထားခင် သခင်လေးမှာထား
တဲ့အတိုင်း ပြင်ဆင်ကာ အပေါ်ထပ် တက်လာတော့
ပါးစပ်က ဘာကို ပွစိပွစိပြောနေမှန်းမသိတဲ့
ခန့်ထည်နဲ့တွေ့လိုက်ရသည်.....

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now