👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၃၆)
"မုမုလေး....မုမုလေး...."
မုဒြာ ရေဆာလို့ အောက်ထပ်ဆင်းလာတော့
နွားနို့ခွက်ကို ကိုင်ထားတဲ့ အကြီးနဲ့ တွေ့သည်....."ဘာဖြစ်လို့လည်း ဟင် အကြီး....."
"ဟိုလေ သခင်လေးက နွားနို့ သောက်ချင်တယ်ပြောလို့
အကြီး အစား အပေါ်ထပ်ကို သွားပေး ပေးပါလား""ဟင်....."
မုဒြာ ဦးစေကို စိတ်ကောက်နေတာ သိရဲ့သားနဲ့
အကြီး က ဘာလို့ မုဒြာကိုမှ သွားပေးခိုင်းရတာတုန်း?'မရဘူး မရဘူး....မုဒြာကို သူအော်ထားတာ
လုံးဝသွားမပေးနိုင်ဘူး ဟွန့်'မုဒြာ စိတ်ထဲမှာ မကျေမချမ်းလေးဖြင့်ပြောရင်း
လက်နှစ်ဖက်ပိုက်လိုက်ပြီး မျက်နှာလေး
ဘေးတိုက်လှည့်လိုက်လျှင်......"လုပ်ပါ မုမုလေးရယ်.....
ဘွားဘွားထားကလည်း သူလုပ်စရာလေးရှိနေလို့
မအားလေးဘူးလေ .....
အကြီးကလည်း အလေးသွားချင်လွန်းနေတာနဲ့......"
လုပ်ပါကွယ်နော်......""ရှန်....အီးအီးပါချင်လို့လား အကြီးက"
"အဲ့ဒါကြောင့် မုမုလေးကို ခွင့်တောင်းနေရတာပေါ့"
ထိုသို့မေးလိုက်လျှင် မျက်နှာ ရှုံ့မဲ့မဲ့ဖြင့်
ပြောလာတဲ့ အကြီးကို ကြည့်ပြီး
မုဒြာ နှုတ်ခမ်းလေးစူပုတ်ပုတ်ဖြင့် လုပ်နေတုန်း...."ရော့ပါကွယ်......"
မုဒြာလက်ထဲကို နွားနို့ခွက် အတင်းထိုးထည့်ပေးပြီး
ကော့တော့ကော့တော့နဲ့ လုံချည် မ ပြီး
သန့်စင်ခန်းဆီ ပြေးသွားလိုက်တာများ
တစ်ချိုးတည်းပင်......"ဟူးးးးး...."
မုဒြာ ထိုနွားနို့ခွက်ကို ကြည့်ပြီး
ခေါင်းလေးတစ်ခါခါဖြင့် လေပူတစ်ချက်
မှုတ်ထုတ်လိုက်သည်....."မသွားချင်ပါဘူးဆို သွားရဦးမယ်"
ထိုနွားနို့ခွက််ကို ကြည့်ပြီး တကိုင်ကိုင်ဖြင့်
အကျင့်မကောင်းတဲ့ ဦးစေကြီးအကြောင်းကို
ပြောရင်း အပေါ်ထပ်ကို ရောက်လာတော့
ခြေစုံရပ်ပြီး တံခါးလေးခေါက်လိုက်သည်.....
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...