Chapter ( 11 )

845 16 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၁၁)

"Dad သမီးကို ခေါ်တယ်ဆို
ဝင်လာခဲ့မယ်နော်..."

"အေး...အေး...ဝင်လာခဲ့..."

နီ ဝင်လာတော့ အလုပ်လုပ်နေတဲ့ ဖေဖေကို
တစ်ချက်ကြည့်ပြီး မေးရင်ကောင်းမလား
မမေးရင်ကောင်းမလား စဉ်းစားနေမိသည်...

"Dad  ဘာကိစ္စရှိလို့ခေါ်တာလည်းဟင်..."

ဦးမဟာထွဍ်ခေါင်ရဲ့ ပြုံးပျော်ရွှင်နေသော
မျက်နှာ ကြောင့် သမီး ဖြစ်တဲ့နီက ပိုသိချင်လာသည်

"ဖေဖေတို့ စီစဉ်ထားတဲ့ အတိုင်းဘဲ
ဖြစ်လာတော့မယ်...ဟားဟားဟား"

အလွန်တရာဝမ်းသာနေတဲ့ ဖခင်ဖြစ်သူကိုကြည့်ပြီး

"Dad အဲ့လောက်တောင် ဝမ်းသာနေရင်
ဒီကိစ္စက သာမန် ကိစ္စမဟုတ်လောက်ဘူး...
ဟုတ်တယ်ဟုတ်...Dad"

"သိပ်မှန်တာပေါ့ သမီးရယ်...."

သမီးဖြစ်သူရဲ့ စကားကို ဆိုင်းငံ့ခြင်းမရှိ
ထောက်ခံလိုက်သည့် ဦးမဟာထွဍ်ခေါင်....

"ပြောပါဦး ဒါဆို....သမီးလည်း သိချင်လာပြီ"

"ပြောပြမှာပေါ့ သမီးရဲ့....
ပြောပြချင်လွန်းလို့ခေါ်လိုက်တာ...."

"......."

"ဦးရာကျော် က ဖုန်းဆက်ပြီးလှမ်းပြောတယ်....
သမီးကို သူ့ရဲ့တစ်ဦးတည်းသောမြေး 'စေဘုရင်'နဲ့
မနက်ဖြန် သူတို့ရဲ့ စိန်ပန်းနီနီစံအိမ်မှာ
စေ့စပ်ပေးမယ်ဆိုပြီး အခုမနက်လေးတင်ဘဲ
ဖုန်းဆက်လှမ်းပြောတယ်...ဟားဟားဟား"

ပြောလည်းပြော ဝမ်းသာစွာရီမောနေတဲ့
ဦးမဟာထွဍ်ခေါင်....

"တ...တကယ် နော် Dad...."

နီ မယုံနိုင်လို့ ဖေ့ဖေ့ကို ထပ်မေးကြည့်သည်

"တကယ်ပေါ့ဟ....ဟားဟားဟား"

"ဒါဆို...ဘုရင်နဲ့ သမီးနဲ့ မနက်ဖြန်စေ့စပ်ရပြီပေါ့...
ပျော်လိုက်တာ Daddy ရယ်....အာ့ကြောင့်
Daddy ကို ချစ်တာ....မွ... "

ပြောလည်းပြော အဖေဖြစ်သူရဲ့ပါးကို နမ်းလိုက်တဲ့ "နီ"

"ဒါဆို လက်ထပ်တာကျတော့ရော ဟင် Daddy..."

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now