👑ဘုရင့်ရဲ့မုဒြာ👑 (အပိုင်း-၃၄)
အချိန်တွေတရွေ့ရွေ့ဖြင့် ပြေးလွှားနေသော
ရန်ကုန်မြို့ပေါ်က ကားလမ်းမကြီးထက်၌
တောက်ပသော ငွေမင်ဖြူရောင်ကားတစ်စီးရဲ့
အနောက်မှာ ထက်ကြပ်မကွာ မသိမသာဖြင့်
လိုက်လာသောအနက်ရောင်ကားတစ်စီး......ထိုအနက်ရောင်ကားနှင့်ဘေးတိုက်ယှဉ်၍
ကပ်ပါလာသော တက္ကဆီကားတစ်စီး .....စားသောက်ဆိုင်ထဲက ထွက်လာကတည်းက
ခုချိန်ထိ ပြုံးနေတဲ့ အကိုလေးရဲ့မျက်နှာကို
ခန့်ထည် ကားမှန်ထဲကနေတစ်ဆင့် ကြည့်နေမိသည်...."အကိုလေး ....."
သူမလေးနဲ့ဘဲ လက်ထပ်မှာလို့
သူကိုယ်တိုင် အဘိုးဖြစ်သူကို
ကြေညာထားပြီးပြီမို့ ကိုယ့်အတွေးနဲ့ကိုယ်
ပြုံးဖြီးနေတုန်း ကားမောင်းနေတဲ့ခန့်ထည်ဆီမှ
ခေါ်သံယဲ့ယဲ့ ကြားလိုက်တာကြောင့်
ပြောဆိုတဲ့ အမူအရာဖြင့်ခေါင်းမော့ပြလိုက်သည်....."အကိုလေး စားသောက်ဆိုင်ထဲက
ထွက်လာကတည်းက အကိုလေးမျက်နှာထက်မှာ
ပြုံးပန်းဝေဆာနေတာ ......
ကိစ္စတစ်ခုခုများရှိခဲ့လို့လား......""အဟွန်း....ဒါပေါ့"
ခေါင်းတစ်ဖက်စောင်းပြီး မျက်ခုံးနှစ်ဖက်ပင့်ကာ
ပြန်ဖြေလိုက်တဲ့အကိုလေးပုံစံ...…..
ဘယ်လိုကိစ္စမျိုးမို့ ဒီလောက်ထိ ပျော်နေရတာပါလိမ့်?"ဘာကိစ္စများ ဖြစ်ခဲ့လို့လည်း အကိုလေး"
"ငါ့ရဲ့မင်္ဂလာကိစ္စ....."
"ဗျာ....!"
နေ့ကဘဲ ညဖြစ်သွားတာလား
ညကဘဲ နေ့ဖြစ်သွားတာလားတော့မသိပေမယ့်
သေချာတာကတော့ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ်
အခုကြားလိုက်ရတဲ့စကားက မင်္ဂလာစကား
ဖြစ်တာကြောင့် ခန့်ထည်
အံ့အားသင့်သွားရသည်"အကိုလေးက ဦးမဟာထွဍ်ခေါင်ရဲ့ သမီးနဲ့
လက်ထပ်ရတော့မှာလား...."မေးလာတဲ့ခန့်ထည်ရဲ့အဖြေကို
ခေါင်းလေးတစ်ချက် ညှင်သာစွာခါယမ်းလိုက်ပြီး
လေးကိုင်းသဏ္ဍန် နှုတ်ခမ်းပါး ထောင့်တစ်စုံက
ပြုံးပြီး ဖြေလိုက်သည့် "စေ့" အဖြေက
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...