Chapter ( 41 )

861 15 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 (အပိုင်း-၄၁)

စိန်ပန်းနီနီစံအိမ်🌺⛪

ရှေးဟောင်းပစ္စည်းတွေထားတဲ့အခန်းထဲမှာ
တေးရေး စန္ဒရားချစ်ဆွေ၏ အကြိုက်ဆုံးသီချင်းကိုRadio 📻ကတ်စက်ဖြင့်ဖွင့်ကာ
အေးအေးလူလူဖြင့်နားထောင်နေတဲ့
ဦးရာကျော်.......

♫︎အချစ်ဆုံးမို့ မမေ့နိုင်တယ်.......
သေတပန် ကြင်နာသက်ဆုံးချစ်ပါ့မယ်....
အချစ်ဦးလေးမို့ အစားထိုးလို့ မရတဲ့
သည်အချစ်ရယ်..…..
ရင်တွင်းဝေဒနာ ခံစားချက်နဲ့
သဒ္ဒါမမျှတဲ့ အချစ် အနာတရအချစ်
အနစ်နာခံမယ် မယ်ရေ.....
အချစ်ဆုံးမို့ မမေ့နိုင်တယ်....♫︎

သီချင်းသာနားထောင်နေပေမယ့်
စိတ်ကတော့ မနက်က အကြောင်းအရာဆီရောက်‌နေတဲ့
ဦးရာကျော်....

ထိုအကြောင်းက ဟိုတစ်လောတုန်းက
စုံစမ်းခိုင်းထားတဲ့ ‌သူ၏သား "စေရာမင်း"
(စေဘုရင်ရဲ့အဖေ) ပိုင်ဆိုင်ခဲ့တဲ့ တိတ်တဆိတ်
ကုမ္ပဏီအကြောင်းပင်.....

သားဖြစ်သူနဲ့ချွေးမကို
စိတ်ဆိုးလို့လှည့်မကြည့်ခဲ့ပေမယ့် သူတို့နှစ်ဦးမသေဆုံးခင်တုန်းက
တိတ်တဆိတ်ကြိုးစားကာ ပိုင်ဆိုင်ခဲ့တဲ့
The King ကုမ္ပဏီဟာ ‌သူတို့နှစ်ဦးသေဆုံးပြီးမှာတင်
မိဘမဲ့ဂေဟာကို လှူဒါန်းလိုက်တယ်လို့
တစွန်းတစ်စကြားရပေမယ့် သေချာပြန်စုံစမ်းလိုက်တဲ့အထဲမှာ ထူးထူးခြားခြား ပါဝင်နေသူတစ်ဦးက
ဦးမဟာထွဍ်ခေါင်ပင်.......

ထိုအချိန်တုန်းက ဦးမဟာထွဍ်ခေါင်ဟာ
သားဖြစ်သူ "စေရာမင်း" ရဲ့ လက်အောက်ခံဝန်ထမ်း
ဆိုတာဟာ ပို၍ပင် ထူးခြားနေခြင်း......

ဆက်ဆက်ပြီးတွေးနေပေမယ့်လည်း
ဦးမဟာထွဍ်ခေါင်ဟာ သားဖြစ်သူနဲ့ တစ်ချိန်က
ပတ်သက်ခဲ့ဖူးတယ်ဆိုတာကို ဘာလို့ခုချိန်ထိ
တစ်ခါမှ ထုတ်မပြောခဲ့ရတာလည်း.....?

"‌သခင်ကြီး....."

အခန်းထဲကို ခွင့်မတောင်းဘဲ
အသည်းအသန်ဝင်လာတဲ့
အတွင်းရေးမှူးကြောင့် ရှေးခေတ် ရေဒီယိုကတ်စက်ကိုပိတ်လိုက်ပြီး ထိုင်ရာမှ ထလိုက်တဲ့ ဦးရာကျော်....

"ဘာလို့ တံခါးမခေါက်တာလည်း....."

"တောင်းပန်ပါတယ် သခင်ကြီး......"

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now