👑ဘုရင့်ရဲ့မုဒြာ👑 (အပိုင်း-၃၉)
"ဖယ်ပေးမှာလား မဖယ်ပေးဘူးလား..."
အသံလေး ခပ်ဆတ်ဆတ်ဖြင့်မေးလိုက်တော့
ထိုထဲက ခေါင်းဆောင်ဖြစ်ဟန်ရှ်ိသူက မုဒြာကို
မယုံသင်္ကာဖြင့် ကြည့်ပေမယ့်လည်း
သူ့လက်အောက်ငယ်သားတွေကို
တစ်ချက်ကြည့်လိုက်ပြီး...."ဒါဆို မမလေးရဲ့အနောက်ကို
လူထည့်ပေးလိုက်ပါ့မယ်.....""အမ်....အမ်.....ဘာဖြစ်တယ် ဘာဖြစ်တယ်...."
"....."
"မုဒြာ အနောက်ကို လူထည့်ပေးမယ်ဟုတ်လား..."
" ဟုတ်ပါတယ်...နှစ်ယောက်လောက်ဘဲ
ထည့်ပေးမှာပါ
ဒါမှ မမလေး လမ်းလျှောက်ရတာ
အဆင်ပြေမယ့်အပြင် ကျနော်တို့တွေလည်း
စိတ်ချနိုင်မှာ မို့လို့ပါ....."ထိုလူပြောတာလည်း ဟုတ်တာမို့
မုဒြာ စိတ်ကပိုပြီး ညစ်သွားရသည်....
ဘာဘဲပြောပြော ဦးစေ မလာခင်
စိတ်ထဲမွန်းကျပ်တာ
ပျောက်သွားရအောင် ခြံထဲ လမ်းထွက်လျှောက်လိုက်တာ ကောင်းမည်ဟု ထင်တာကြောင့်......"ကောင်းပြီလေ....ဒါဆိုလည်း
နှစ်ယောက်အနောက်က
လိုက်လာခဲ့ပါ...."ကြံစည်ထားတာ မအောင်မြင်တော့
မျက်နှာလေးစူပုတ်ပုတ်ဖြင့် ခြေလှမ်းလှမ်းခိုက်....."ကျနော် အနောက်ကနေ လိုက်သွားရမလားဗျ..."
အသံလာရာ ကြည့်လိုက်တော့
ဦးလေးကြီးတစ်ယောက်ဖြစ်နေတာမို့
မုဒြာ လက်လေးပိုက်ပြီး ကြည့်မိသည်...."မင်းက လူသစ်မလား.....?"
"ဟုတ်ပါတယ်ဗျ.....ကျနော်ရယ်
ဒီက အကိုနဲ့ရယ် အနောက်ကနေ
မမလေးအနောက်ကို လိုက်သွားပြီး
စောင့်ကြည့်လိုက်ပါ့မယ်ဗျ....."ဘေးနားက အသက်အနည်းငယ် ငယ်တဲ့
ဦးလေးတစ်ယောက်ကို လက်ညိုးထိုးကာ
ပြောလိုက်တော့......"ကောင်းပြီလေ.....မင်းတို့ရဲ့တာဝန်က
မမလေးကို သေချာစောင့်ကြည့်ဖို့ဘဲ......""......"
"မမလေး တစ်ခုခုဖြစ်တဲ့ အသံကြားကြည့်
ဒီနေ့ အလုပ်ဝင် ဒီနေ့အလုပ်ပြုတ်မယ်ဆိုတာ
မှတ်ထားပါ"
CZYTASZ
👑ဘုရင်ရဲ့ မုဒြာ👑
Losowe*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...