Chanter ( 3 )

1.1K 23 0
                                    

♕︎👑ဘုရင့်ရဲ့မုဒြာ👑♕︎ ( အပိုင်း-၃)

နာမည်က ပန်းမုဒြာတဲ့လားကလေး....
မင်းကဒီအိမ်ထဲကိုဝင်ချင်တိုင်းဝင်လာလို့မရပါဘူး
ဒါဆိုဘယ်သူကမင်းကို?
"စေ"အာရုံထဲတွေးနေတုန်း....

"အကောင်ကြီး ...မဟုတ်ဘူးလားဟင်..."

ရင်ခွင်ထဲက ကြောက်လန့်နေရှာသော အသံပိုင်ရှင် လေးရဲ့စကားကြောင့် မလွှတ်ပေးဘဲ နေမြဲတိုင်းနေကာ
"စေ"လည်း သိချင်လာတာကြောင့် သူမလေးကိုစူးစိုက်ကြည့်မိလိုက်သည်

"ဘယ်လို....အကောင်ကြီး...ဟုတ်လား?"

"ဟုတ်တယ်လေ....အန်တီမေညိုပြောပြတာ ‌
အိမ်ထဲကနေအိမ်ပြင် မထွက်ရဘူးတဲ့
ထွက်တဲ့နေ့မှာ အဲ့အကောင်ကြီးကလေ
မုဒြာတို့ဗိုက်ဆာရင် 'ကွတ်ကီး'စားသလိုမျိုး အစွယ်ရှိတဲ့သွားကြီးတဲ့နေ့ မုဒြာတို့ကိုကိုက်စားမှာတဲ့ ....."

"စေ" ထိုကလေးမ ပြောတာကို
ဘာရယ်ကြောင့်မဟုတ်
အမူအရာလေးနဲ့ပြောတဲ့ပုံစံကြောင့် အသံထွက်အောင်ရီမီသည်...

"ဟား....ဟား...ဟား...."

"စေ" ရီတော့ မုဒြာလေး ဘာကြောင့်လည်းဆိုတာသိချင်တာနဲ့

"ဒါနဲ့ အန်တီ က ဘာလို့ ရီနေတာလည်းဟင် ....."

ရုတ်တရက် အကောင်ကြီးကနေ အန်တီလို့ အခေါ်ခံလိုက်ရတာကြောင့်...."စေ" ရီ လက်စတောင်
ဘယ်ရောက်သွားမှန်းမသိလိုက်ရ...

"ဘယ်လို အန်တီ....ဟုတ်လား...?"

ထိုအခါ စေ့ ရင်ခွင်ထဲက သူမလေးက အံဩသလိုပုံစံမျက်လုံးပြူးပြူးလေးဖြင့်

"ဟုတ်တယ်လေ...ဟုတ်ဘူးလား....ဒါပေမယ့်
အန်တီ့ ကိုကြည့်ရတာ မုဒြာ တို့လို ပုံစံနဲ့
မတူသလိုဘဲနော်....
ဆံပင်ကလည်းတိုတိုလေး...မျက်လုံး‌ကတော့ကြီး
တယ်...နှာခေါင်းကရှည်ရှည်လေး...ပြီးတော့....."

စဉ်းစားသလိုပုံစံလေးနဲ့ သူမ လက်ညိုးလေးက "စေ့" ဆံပင်လေးတွေကို ကိုင်ရင်း နှာခေါင်းလေးတွေကို တို့ထိရင်းနောက်ဆုံး‌ "စေ့"နှုတ်ခမ်းနားကို သူမလက်‌ညိုးသေးသေးလေးရောက်တော့.....

"ပြီးတော့ရော....ဘာဖြစ်လည်း....ဆက်ပြောပါဦး...."

"ဟီး...ဟီး...နှုတ်ခမ်းကလည်း ကြီးတယ်လို့ ပြီးတော့
အန်တီက အန်တီမေညိုထက်လှတယ်....ဟီး...ဟီး..."

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now