Chapter ( 19 )

814 19 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၁၉)

လက်ဖက်သုတ်ပန်းကန်ကိုင်ပြီး ဧည့်ခန်းထဲကို
လာနေကတည်းက "စေ" သူမလေးကို တောက်လျှောက်စိုက်ကြည့်နေခဲ့တာ....

သူမလေးကတော့ အစားငမ်းပြီး
သူရောက်နေတာကို မြင်ပုံမပေါ်.....
ဒါ့ကြောင့် "စေ"သူမလေးကို
"အစားမက်တဲ့ ကလေးမ" ဟု
မှတ်ချက်ချမိသည်......

ခုချိန်ထိသူ့ကို မမြင်သေးတဲ့ ကလေးမက
ငရုတ်သီးစိမ်း တစ်ကိုက် ကိုက်လိုက်ပြီး
စပ်လို့နဲ့တူပါတယ် ပုစွန်ခြောက်တွေကို
ပါးစပ်ထဲလှိမ့်ထည့်တယ်ဆိုကတည်းက......

"အဟွန်း....လက်ဖက်သုပ် အဲ့လောက်ကြိုက်ရလား"

ဟု‌ "စေ" တွေးနေတုန်း အပေါ်ထပ်ကနေပြေးဆင်းလာပြီး "စေ့"ကို ခေါင်းငုံ့ကာ တရိုတသေ တောင်းပန်လာတဲ့
ဒေါ်ထားခင်.....

"သခင်လေး.....ပြန်လာတာ မသိမိလို့
ခွင့်လွှတ်ပါ...."

ဒေါ်ထားခင်က သခင်လေး လို့ ခေါ်လိုက်တော့မှ
"စေ့"ကို တအံ့တဩ ကြည့်လာတဲ့ သူမလေး.....

ကာတွန်းပုံလေးတွေပါပြီး ညအိပ်အပြာနုရောင်
အင်္ကျီလေးနဲ့ ဘောင်းဘီလေးကို ဝတ်ဆင်ထားတဲ့
သူမလေးကို "စေ" ခြေဆုံးခေါင်းစ
သေချာကြည့်မိသည်.....

"ကလေးပေါက်စကျနေတာဘဲ "ဟု
မှတ်ချက်ပေးမိပြန်သည်......

"စေ" သူမလေးကို မမြင်တာ ငါးနှစ်ရှိပြီမို့
သေချာစိုက်ကြည့်မိတော့
သူမလေးက ကိုယ့်ကို
တအံတဩနဲ့ ကြည့်နေပြီး
လက်ထဲက လက်ဖက်သုပ် ပန်းကန်ပါ
ကျကွဲသွားရတဲ့အထိ.......

"ခွမ်း!!!!....ကလုန်း!!!"

မုဒြာ မျက်လုံးကဘဲ အမြင်မှားနေတာလား
မုဒြာမသိတော့ ....
မုဒြာမယုံနိုင်လို့ ကိုယ့်မျက်လုံးကို လက်ဖြင့်
ပွတ်ကြည့်မိသည်......

ဖုန်မဝင်တဲ့ မျက်လုံးကိုထပ်ခါထပ်ခါ ပွတ်ပေမယ့် ပျောက်ကွယ် မသွားတဲ့ မုဒြာရှေ့ကသူ....
တကယ်ဘဲ သူ ဖြစ်နေတာကြောင့် မုဒြာ
တိုးညှင်းစွာ တအံ့တဩ ခေါ်မိလိုက်သည်က.....

"ဦးစေ.....!"

ခုမုဒြာရှေ့မှာ မုဒြာကို
သေချာ စူးစိုက်ကြည့်နေတဲ့လူက
လွန်ခဲ့တဲ့ ငါးနှစ်က မုဒြာကို ဒီစံအိမ်ထဲမှာ
ထားခဲ့တဲ့ ထိုလူသားပင်လော.......

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now