Chapter ( 37 )

746 14 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 (အပိုင်း-၃၇)

စိန်ပန်းနီနီစံအိမ်.....⛪🌺

"ဘုရင် မသိစေနဲ့......"

ခမ်းနားထည်ဝါလှစွာ စိန်ပန်းနီနီ၏ စံရိပ်အိမ်....
စံအိမ်ကြီး၏ သစ်ရိပ်တစ်နေရာတွင်
လက်ကို နောက်ပစ်လျက် အနေအထားဖြင့်
ပြောလိုက်တဲ့ ဦးရာကျော်စကားကို
ခေါင်းငုံ့ငြိမ့်ပြလိုက်တဲ့ လက်ပါးစေက.....

"𝐑𝐨𝐲𝐚𝐥 𝐊𝐢𝐧𝐠 စံအိမ် မှာ အလုပ်ဝင်ဖို့ မလွယ်ကူပါဘူး
သူဌေး"

"ငါသိတယ်....."

တည်ငြိမ်စွာ ပြောလိုက်တဲ့ ဦးရာကျော်အသံက
တစ်ခုခုကို အလေးနက်ထား စဉ်းစားဟန်ပုံဖြင့်

"ငါ့မြေးက ပန်းမုဒြာဆိုတဲ့ ကလေးမကို
ကာကွယ်ဖို့အတွက် စနစ်တကျ အကွက်ချထားတာ"

"အဲ့မိန်းကလေး အမေရဲ့အကြောင်းကို
ကျနော်စုံစမ်းလာပါတယ် သူဌေး"

"သူ့ကို ငါတွေ့ချင်တယ် ....."

"အဲ့ဒီ့အမျိုးသမီးက သခင်လေးစေဘုရင်ရဲ့
ကုမ္ပဏီလက်ခွဲက အချက်အလက်တွေကို
ဦးမဟာထွဍ်ခေါင် ဆီ ပေးခဲ့တဲ့ လောက်ကောင်
ကျော်ဇေယျ တို့လမ်းမှာနေတာပါ သူဌေး....."

"ဟေ....."

"ကျနော်စုံစမ်းရသလောက်ဆိုရင်
ဒေါ်ညိုမြမြသင်းဆိုတဲ့အမျိုးသမီးက
ဦးကျော်ဇေယျတို့အိမ်မှာ
အလုပ်လုပ်ခဲ့တာပါ......"

"ဟင်....."

တင်ပြမှု အဆုံး ထွက်ပေါ်လာတဲ့ ဦးရာကျော်၏
အာမေဋိတ်အသံက ပတ်ဝန်းကျင်တစ်ခုလုံး
တိတ်ဆိတ်လျက်ရှိနေတဲ့ နေရာတွင်
အနည်းငယ်လွှမ်းမိုးသွားရသလို
တစ်ဆက်တည်း စဉ်းစားမိသည်က.....

"ဘုရင်က ‌ဦးကျော်ဇေယျတို့အိမ်ကို
သွားခဲ့တယ်နော်...."

"ဟုတ်ပါတယ်ခင်ဗျ...."

"ဒါဆို ညိုမြမြသင်းနဲ့ တွေ့ခဲ့မှာပေါ့....."

"ဖြစ်နိုင်ပါတယ် သူဌေး...."

မြေးဖြစ်သူ၏ စားသောက်ဆိုင်မှာပြောခဲ့တဲ့
စကားက ဦးရာကျော်၏နားထဲတွင်
ကွပ်ခနဲ ကြားယောင်လာ.....

␈¶¶°°^^"ကျနော့်မိဘကို သတ်ခဲ့တဲ့သူက
             တစ်ခြားသူဆိုရင်ရော...?"^^°°¶¶␈

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now