Unicode;
Wang..
"မောင်... ဒီဘက်ကို ကြည့်ပါဦး"
ချလပ်!!!
သူလှည့်ကြည့်လိုက်တာနဲ့အချိန်ကိုက် သူမက Polaroid ကင်မရာခလုတ်ကလေးကို နှိပ်လိုက်တယ်။
ထွက်လာတဲ့ပုံလေးထဲမှာ သူရယ်...
သူ့ပါးတစ်ဖက်ကို နုတ်ခမ်းသားလေးတွေနဲ့ ထိကပ်ထားပါတဲ့ သူမရယ်...နှစ်ဦးသားရဲ့ အပြုံးတွေက အဲ့ဒီနေ့ရဲ့ နေရောင်ခြည်တွေလိုပဲ သိပ်ပြီးတောက်ပတယ်..
.
.သူ့ရှေ့မှာ နုတ်ခမ်းလေးစူလို့ အအေးကိုပိုက်ကနေ စုပ်သောက်နေတဲ့ သူမကို ကြည့်ရင်းပြုံးမိတယ်။
မိန်းကလေးဖြစ်ပြီး ကော်ဖီတွေ၊ tea တွေမသောက်တက်ပဲ ဒီဆိုင်ကိုလာတိုင်း သူမက Avocado juice ကိုသာသောက်လေ့ရှိတယ်။
သူမနုတ်ခမ်းနားတစ်ဝှိုက်ပေကျံကုန်တဲ့ juice တွေကို သူ လက်နဲ့သပ်ဖယ်ပေးလိုက်ရင်း"ကလေးလေးကျနေတာပဲ အဖိတ်ဖိတ် အစင်စင်နဲ့"
သူစကားကြားလေတော့ သူမက သွားကလေးစိလို့ ရယ်ပြလာရဲ့..
သူ့အတွက်တော့ ဒီမိန်းကလေးက အားလုံးထဲမှာ
အရိုးသားဆုံးနဲ့ အပြစ်အကင်းဆုံး ကောင်မလေးတစ်ယောက်ပဲ။
တရုပ်နဲ့ နယ်သာလန်သွေးနှောတဲ့သူမက ကပြားပီပီ ထူးခြားတဲ့အလှတရားတွေနဲ့ ပြည့်စုံတယ်။
ရွှေညိုရောင်ဆံသားတွေနဲ့ ခပ်ကျယ်ကျယ်မျက်ဆံနက်နက်တွေက သူသဘောအကျရဆုံး အစိပ်အပိုင်းတွေဖြစ်တယ်...နောက်ထပ်သဘောအကျဆုံးအရာကိုပြောပါဆိုရင်တော့ သူမရဲ့ စိတ်ထားလေးပဲ..
ဖြူစင်တယ်. ရိုးရှင်းတယ်. သနားကြင်နာတက်ပြီး လူတွေကိုလည်း သိပ်ကူညီတက်တာ...
ဒီအချက်တွေနဲ့တင် သူ့ရဲ့ချစ်သူအဖြစ်ရွှေးချယ်ဖို့က လုံလောက်တာထက်ကို ပိုနေခဲ့သေးတာလေ.."လက်ထပ်ရအောင်"
"....."
ဒီစကားကို စတင်ပြောလာသူက သူမ.
လက်ထပ်မယ်??
Suprise ဆိုတာ ဒါကိုပြောတာထင်ပါရဲ့.
အံသြခြင်းနဲ့အတူ ပျော်ရွှင်ခြင်းကပါ ရောယှက်တယ်.ဟုတ်တယ် . လက်ထပ်မယ်...
သူမနဲ့အတူ ဘဝတစ်ခု ထူထောင်မယ်....ပြည့်စုံတဲ့သူ့အသိုင်းအဝိုင်းကြောင့် လက်ထပ်ခြင်းဆိုတာ သူ့အတွက် အချိန်ဆွဲစရာလိုတဲ့ အရာမဟုတ်ဘူးလေ။
သူမလက်ကို လှမ်းဆုပ်ကိုင်လိုက်တဲ့အချိန်
နှစ်ဦးသားရဲ့ ဆင်တူလက်စွပ်ကလေးက ထပ်တူကျလို့နေတယ်။
သူမရဲ့ လက်ပေါ်က လက်စွပ်လေးမှာ သူ့နာမည်ဖြစ်တဲ့ Wang ဆိုတဲ့ စာလုံးလေးရှိသလို သူ့လက်ပေါ်က လက်စွပ်ကလေးမှာလည်း သူမရဲ့နာမည်ဖြစ်တဲ့ Eline ဆိုတဲ့ စကားလုံးလေးရှိနေခဲ့တယ်....
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...