Unicode;
ဟောင်ကောင်ရဲ့ မနက်ခင်းက ဟိုတယ်နဲ့အိမ် မတူတာလေးကလွဲရင် ထူးထူးခြားခြားပြောင်းလဲတာ မရှိပါဘူး...
သူ့မှာ ပတ်ဝန်းကျင်ကို စူးစမ်းနေဖို့လည်း အချိန်မရဘူးလေ..
ရောက်ကတည်းက ဝတ်စုံစမ်းဝတ်လိုက်. ဒီဇိုင်နာနဲ့ဆွေးနွေးလိုက်၊ အစမ်းလေ့ကျင့်လိုက်နဲ့ နားချိန်လည်းမရပါဘူး..ဒီတစ်ခေါက်ပွဲက ကြီးတယ်လို့ပြောလို့ရတယ်။
ပြည်တွင်းပြည်ပက ဒီဇိုင်နာတွေရော ဒီနယ်ပယ်ရဲ့လုပ်ငန်းရှင်တွေရော အနုပညာရှင်တွေပါတက်ရောက်ကြမှာ..
ဒီမှာသာကောင်းကောင်းလုပ်ပြီး အများစိတ်ဝင်စားခြင်းကိုသာရရင် အခွင့်အလမ်းတွေအများကြီးရနိုင်တယ်။
ကံကောင်းရင် interအထိတောင် တက်နိုင်ဖို့ အခွင်အရေးရဦးမှာ..ဒီတစ်ခါက်မှာ ရှေးခေတ်ဝတ်စုံCollection ပါတယ်..
ပါဝင်တဲ့ဒီဇိုင်နာတွေအားလုံးစုပေါင်းပြီးပြသမဲ့ ဒီပွဲရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းလေးဖြစ်တယ်။
ဒါက နောက်ဆုံးရက်မှဆိုပေမဲ့ catwalkအပြင် ဝတ်စုံနဲ့လိုက်ဖက်တဲ့ performanceပါ တင်ဆက်ရမှာမို့ ကြိုပြီးလေ့ကျင့်ရတယ်။
ဒီမှာ ရွေးချယ်ခံရတဲ့ဝတ်စုံက မကြာခင်ရိုက်ဖို့စီစဥ်နေတဲ့ နာမည်ကြီးဇာတ်လမ်းမှာ ပါဝင်ခွင့်ရမှာဖြစ်ပြီး ဒီဇိုင်နာကတစ်ကားလုံးရဲ့ ဝတ်စုံကိုတာဝန်ယူပေးရမှာဖြစ်လို့ ရွေးချယ်သာခံရရင် အခွင့်အရေးတွေအများကြီး...
ဒီလိုရွေးချယ်ခံရဖို့အတွက် ဝတ်စုံသာမက သူတို့လို မော်ဒယ်အပေါ်မှာလည်း အများကြီးမူတည်တယ်။
မော်ဒယ်ပြည့်စုံရင်ပြည့်စုံသလောက် အကောင်းဆုံးချပြနိုင်တယ်လေ..
သူ့ကိုရတဲ့ ဒီဇိုင်နာလီလီလန်းကတော့ အပြုံးဝေနေတော့တာပေါ့..."ခါးစည်းကြိုးမှာ ငွေချည်ကွပ်ပြီး တိမ်တိုက်ပုံလေးထိုးမယ်... အဆောင်အယောင်ကို ကျောက်စိမ်းလေးကိုသုံးမယ်ဆိုရင် ဘယ်လိုလဲရိပေါ်"
"ကောင်းပါတယ်... ဒါပေမဲ့ ကျွန်တော်က ခါးပတ်ကို ရှေ့မှာချထားတာမျိုးတော့သိပ်မကြိုက်ဘူး... အရမ်းရှည်နေရင် လမ်းလျောက်ရခက်တယ်..... ပုခုံးဆိုရင်လည်း..."
Costume သက်သက်မဟုတ်ပဲ အမှန်တကယ်အသုံးပြုမှာဆိုရင် ဝတ်ဆင်တဲ့သူ သက်တောင့်သက်သာရှိဖို့လည်းလိုတာမို့ သူက ဒီအပိုင်းကို ပိုပြီးအကြံပေးဖြစ်တယ်..
သူက အလုပ်တစ်ခုစပြီဆိုရင် အဆုံးထိ အာရုံစိုက်တက်သူမို့ သူနဲ့လက်တွဲတဲ့သူတိုင်းက စိတ်တိုင်းကျတာများတယ်။
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...