100%. Fifteen

5.1K 454 10
                                    

Unicode;

အရက်တစ်ခွက်နဲ့ မူးယစ်သွားတဲ့ ကောင်ဆိုးလေးက နောက်တစ်ရက်မှာ ဆံပင်စုတ်ဖွားမျက်နှာစူပုတ်ပုတ်နဲ့ ရီဝေဝေနိုးထလို့လာတယ်။
မူးဝေနေဆဲခေါင်းက ပစ္စုပ္ပါန်ကိုအစိုးမရသေးပဲ ဟိုလှည့် ဒီလှည့်နဲ့ အူကြောင်ကြောင်ဖြစ်နေတုန်း..
ခေါင်းမထောင်သေးပဲ ကြားနေရတဲ့ခြေသံအချို့ကို နားစွင့်နေတုန်း...

တစ်စုံတစ်ယောက်ရဲ့ ခန်းဆီးလိုက်ကာကို ဆွဲဖွင့်လိုက်တဲ့အခိုက်မှာ လင်းလက်သွားတဲ့ အလင်းရောင်စူးရှလို့ပဲ...

သူ့ကို အနားထိလာနိုးမဲ့အချိန်ကို ​စောင့်နေလိုက်တယ်..
တစ်ခါတစ်လေမှာ သူက ဒီလိုမျိုး အလိုက်တသိနိုးထရမှာ ပျင်းတယ်။
တစ်စုံတစ်ယောက်က လေသံချိုလေးနဲ့ လာနိုးမှမထချင်ထချင်နဲ့ ထလာတက်တယ်။

သူ့အနားကို တစ်ဖြေးဖြေးရောက်လာတဲ့ ခြေသံတစ်ခု....
သူဖွဖွလေးပြုံးတယ်..

"ကဲ အမူးသမားလေး.. ထလို့ရပြီဗျ"

"........"

ကြားလိုက်ရတဲ့ ယောက်ျားသံပီပီသသမှာ သူမျက်လုံးတွေဖျတ်ကနဲပွင့်လာတယ်။

"ဝမ်ရိပေါ်ခင်ဗျ..."

အဲ့ဒီအခါမှ သူ့စိတ်တွေ လက်ရှိကိုဆွဲကပ်တယ်။

ရှောင်းကျန့်...

ဟုတ်သားပဲ.. သူကအခုရှောင်းကျန့်ဆိုတဲ့ ယောက်ျားတစ်ယောက်အနားမှာပဲ...

နှစ်အတော်ကြာကျင့်သားရခဲ့မှုတွေက လပိုင်းအတွင်းဖျောက်လို့မရဘူး..
သူ ဒီနေရာ ဒီအနေအထားကြီးကို အသားမကျသေးဘူး..
အိပ်ရာနိုးလာတဲ့အချိန်မှာ ဒီလူရဲ့ အသံကိုကြားရတာကို ရင်းနှီးမှုမရှိဘူး...
ခေါင်းတောင် ပိုပြီးတဆစ်ဆစ်ကိုက်လာရတယ်။

ဒီလူက အခန်းထဲ ဘယ်လိုရောက်နေတာလဲ..

သူအမြန်ကိုပဲ ကုန်းရုန်းထတယ်။
ထလိုက်တဲ့အချိန် ဖယ်ကွာသွားတဲ့စောင်အောက်မှာ သူခန္ဓာကိုယ်အပေါ်ပိုင်းက ဗလာကျင်းလျက်သား...

Shitt..

အဲ့ဒီလူရှိရာကိုအမြန်မော့ကြည့်လိုက်တော့ ကိုယ်တော်ချောက မလှမ်းမကမ်းမှာ ဘောင်းဘီအိတ်ကပ်ထဲ လက်လျှိုလျက် မားမတ်စွာရပ်ကြည့်လို့နေရဲ့...

100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||Where stories live. Discover now