100%. Thirty seven.

4.1K 354 7
                                    

Unicode;

စခရင်ပေါ်မှာ မြင်နေရတဲ့ ဒီတစ်ပါတ်ရဲ့ လုပ်ငန်းစီးဆင်းမှု ရာခိုင်နှုန်းတွေကို ကြည့်ရတာ တော်တော်လေးကို အားရဖွယ်ရာမရှိ...
တစ်ရက်ချင်း တစ်ရက်ချင်းက ပိုပြီးထိုးကျလာတယ်။
Xiao ရဲ့ တရားဝင်online စာမျက်နှာပေါ်မှာလည်း မကောင်းတဲ့ မှတ်ချက်တွေအပြည့်အနှက်လက်ခံထားရပြီး ရှယ်ရာရှင်တွေက ဖြေရှင်းဖို့ရာအတွက် တစ်နေ့တစ်မျိုးမရိုးရအောင်ကို မေးခွန်းထုတ်နေကြလေရဲ့..

စီးပွားရေးတစ်ခုမှာ ဘယ်လောက်ပဲကြိုးစားအားထုတ်ပါစေ ကောင်းမွန်ပါစေ ​​ပြည်သူလူထုရဲ့ယုံကြည်လက်ခံမှုနဲ့ သဘောကျနှစ်သက်မှုက အသက်လိုအရေးပါတယ်။
လက်ရှိအခြေအနေအရ Xiao အပေါ်ကို လူထုရဲ့ယုံကြည်လေးစားမှု အတော်လေး ဆုတ်ယုတ်သွားတဲ့ သဘောသက်ရောက်နေတယ်။
အကြောင်းရင်းက အဆိုးမြင်ဘက်ကို ဖိအားပေးရေးသားထားကြတဲ့ သတင်းတွေပျံ့နှံသွားတာကြောင့်...

ရှောင်းကျန့်ဆိုတာကလည်း အနုပညာရှင်မဟုတ်ပေမဲ့ လုပ်ငန်းရဲ့စံနှုန်း၊ ကြော်ငြာအားနဲ့ ဘက်စုံ Supporting အင်အားပြည့်ဝတာကြောင့် ပွဲအခမ်းအနားတွေ မကြာခဏတက်ရလေ့ရှိသလို သတင်းစာစောင်တွေ ဆောင်းပါးတွေမှာ ဖော်ပြခံရတက်တဲ့ အောင်မြင်သူတစ်ဦးဖြစ်တယ်။
ဒါကြောင့် သူ့ကို လူတွေကလည်း မစိမ်းဘူး...

လက်တံရှည်တဲ့ သူတို့သဘောတရားအရ ပြင်ပအကြောင်းအရာတွေနဲ့ စိတ်ရှုပ်မခံတက်တဲ့ ရှောင်းကျန့်က များသောအားဖြင့် သူ့ရဲ့သတင်းတွေကိုဆိုရင် လူပြောမများအောင် အင်အားသုံးပယ်ဖျက်လေ့ရှိတယ်။
သို့သော်.. ဒီတစ်ကြိမ်မှာ ပါဝင်သူက အတော်လေး လူကြိုက်များနေတဲ့ ဝမ်ရိပေါ်ဖြစ်နေတာကြောင့် သူအချိန်မှီမတားလိုက်နိုင်ဘူး.

စီးပွားရေးသမားတစ်ဦးအတွက် ကိုယ်ရေးကိုယ်တာနဲ့လုပ်ငန်း ခွဲခြားထားနိုင်သလောက် လှုမှုရေးလွပ်လပ်မှုတွေက လုပ်ငန်းအပေါ်သိပ်သက်ရောက်မှုမရှိဘူးဆိုပေမဲ့ တစ်ဖက်လူက public figure တစ်ယောက်ဖြစ်နေတဲ့အခါ အကျိုးသက်ရောက်မှုတွေက အဆမတန်ကြီးထွားလာတယ်။

ဒီသတင်းတွေမှာဖော်ပြထားတဲ့ သူတို့ရဲ့ပတ်သတ်မှုကအမှန်တရားမို့လို့ မငြင်းနိုင်ပါဘူး...
ဒါပေမဲ့ ပတ်သတ်ရခြင်းအကြောင်းတရားတွေကတော့ အကျင့်ပျက်ချစားခြင်းဆိုတဲ့သ​ဘောကိုဆောင်ယူတဲ့ ခေါင်းစဥ်တွေသာမြင်နေရတယ်။
ပိုဆိုးတာက ဝမ်ရိပေါ်ရဲ့ထင်ပေါ်ကျော်ကြားခြင်းက Xiao နဲ့အစပြုတာမို့လို့ ဒီအကြောင်းတရားတွေဟာ လူတွေအတွက် ယုံကြည်စရာ​ဖြစ်သွားကြလေရဲ့...
ရလဒ်ကတော့ ဝမ်ရိပေါ်ရဲ့ပရိတ်သတ်မဟုတ်တဲ့ အခြားသူတွေကပါ ဒီသတင်းကိုစိတ်ဝင်တစား အာရုံစိုက်လာကြပြီး ပိုမိုလူသိများလို့ Xiaoလုပ်ငန်းစုကို လူတွေငြင်းဆန်လာကြတာပဲ...

100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||Where stories live. Discover now