Unicode;
wang..
သန့်စင်ခန်းထဲ စွန်းပေသွားတဲ့ အရောင်တွေကို ဆေးကြောကြည့်ပေမဲ့ မပြောင်သွားဘူး..
ဝတ်ထားတာက အဖြူရောင်မို့လို့ ပိုပြီးထင်ရှားနေတော့တယ်။
စိတ်တွေကိုလေပါတယ်။
အသက်ရှုသံကြားထဲမှာ သူ့ရဲ့စိတ်လောနေတဲ့သက်ပြင်းနဲ့ ထူပူစွာရေရွတ်သံတို့က ပျံ့လွင့်လို့...အမှန်က သူစိတ်လှုပ်ရှားလွန်းနေခဲ့တာကြောင့် ရေခဲမုန့်ကိုင်ပြီး ပြေးလာတဲ့ ကလေးမလေးကို မမြင်ခဲ့မိခြင်းပေ။
ရလဒ်ကတော့ တိုက်မိပြီး အခုလို အဖြူရောင် Pants မှာ ရေခဲမုန့်ရဲ့အရောင်တွေ စွန်းထင်သွားခြင်းသာ...နောက်ဆုံးဖြေရှင်းလို့မရတော့တဲ့အဆုံး ကျိယန်က နီးစပ်ရာဆိုင်တစ်ခုမှာ Pant အသစ်ပြေးဝယ်ပေးရတော့တယ်။
ကံကောင်းစွာနဲ့ပဲ ဆင်တူတဲ့ပုံစံကို ရခဲ့တာကြောင့် အမြန်လဲလှယ်ပြင်ဆင်၍ ခန်းမဆီအမြန်ပြေးလာခဲ့တယ်။ဒီအတောတွင်း အချိန်ကွာဟချက်က မိနစ်သုံးဆယ်ခန့်ဖြစ်သွားလေတော့ နောက်ကျလုနီးဖြစ်နေပြီ။
ခန်းမတံခါးတောင် ပိတ်ထားပြီ။
တတီတီမြည်နေတဲ့ ဖုန်းသံက အရမ်းအရေးကြ်ီးနေဟန်ပေါက်ပေမဲ့ သေချာပေါက်ကို ခန်းမထဲက သူ့မိဘတွေခေါ်နေတာဖြစ်တာမို့လို့ လျစ်လျူရှုပြီး ခန်းမတံခါးကို တွန်းဖွင့်ဝင်လိုက်တယ်..."ကျွန်တော်ရောက်ပြီ..
နောက်ကျသွားတာ တောင်းပန်ပါတယ်"သူဝင်သွားတာက ခန်းမလျောက်လမ်းအလယ် မီးထိုးထားတဲ့နေရာ ဖြစ်နေတာမို့ မျက်စိနည်းနည်းစူးသွားတယ်။
ပြေးလာတာမို့ မောနေတဲ့အရှိန်ရယ် မျက်စိစူးသွားတဲ့အရှိန်ရယ်ကြောင့် ရပ်လိုက်ပြီး မျက်နှာရှေ့လက်တစ်ဖက်ကာလို့ အသက်ရှုလိုက်ရုံရှိသေး သူ့ရဲ့လက်ကို လူတစ်ယောက်က လာဆွဲတယ်။"ဘာလို့ ဒီလောက်နောက်ကျနေတာလဲ.
ကိုယ် အရမ်းစိတ်ပူနေတာ"ဟမ်... ဘာလား... ဘာပြောလိုက်တာ..
"အချိန်လွန်သွားတော့မယ်.. လျောက်နေလို့မမှီတော့ဘူး"
ဘယ်သူကြီးလဲ...
ကြားရတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကိုပုံမဖော်ရသေးခင်မှာပဲ သူ့ကိုဖမ်းကိုင်ထားတဲ့ လက်ပိုင်ရှင်ရဲ့ အားပါပါဆွဲခေါ်ရာနောက် ပါသွားပြန်တယ်။
မကြာခင်ကအထိ ဆူညံနေတဲ့ ခန်းမကြီး တိတိဆိတ်သွားတာကို သတိထားမိလိုက်ရဲ့...
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...