Unicode;
Wang..
မင်္ဂလာဝတ်စုံနဲ့ သူမက သိပ်လှတယ်..
အပြင်ဘက်က ကြည်လင်နေတဲ့ ကောင်းကင်ပြာကြီးလိုပဲ...
သူမ မျက်နှာလေးက တောက်ပနေလိုက်တာ..
မကြာခင် သူ့သတို့သမီးဖြစ်လာတော့မဲ့
ဒီအလှပဂေးလေးက တကယ့်ကို မထိရက်စရာလေး...
ဝတ်စုံအစမ်းဝတ်တာတောင် ဒီလောက်လှနေရင် တကယ်မဂ်လာပွဲမှာဆို ပြောနိုင်ဖွယ်ရာရှိမှာမဟုတ်တော့...သူ့မင်္ဂလာပွဲက အလှပဆုံး အခန်းနားဆုံးဖြစ်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူကပဲ အရာရာ သူမအတွက် လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးထားတယ်။
အကောင်းဆုံးဝတ်စုံ၊ တန်ဖိုးကြီးလက်ဝတ်လက်စားတွေနဲ့ ခန်းဝင်ပစ္စည်းတွေက အစ သူပဲ ရအောင်စီစဥ်တယ်။
သူမကို အပင်ပန်းမခံစေလိုပါ။
သူ့မိဘများထံတွင်လည်း သူမကို မျက်နှာမငယ်စေလိုတာကြောင့် သူကပဲ သူမကိုအမည်ခံစေ၍ နောက်ကွယ်ကနေ အားလုံးလုပ်ပေးထားခဲ့တာ...ပွင့်ပွင့်လင်းလင်းပြောရရင် ဒီမိန်းကလေးက မိဘကိုမှီခိုခြင်းမရှိပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေလို့...
ဒါ့အပြင် အနောက်တိုင်းမှာကြီးပြင်းလာခဲ့သူမို့
တရုပ်ပြည်ရဲ့ ဓလေ့ထုံးစံတွေကိုလည်း သူမက သိပ်ပြီးအကျွမ်းတဝင် မရှိလှဘူး။
တစ်ဖက်နိုင်ငံက မိဘတွေကို အပူမကပ်ချင်ဘူးဟုဆိုလာတဲ့ သူမစကားတွေကြောင့် သူက အချစ်အတွက် မိုက်ရူးရဲလည်းဆန်ခဲ့တာပဲ...ဒီဆုံးဖြတ်ချက်တွေရဲ့ ရလဒ်က သူ့ရဲ့ အဆင့်မြင့်ကွန်ဒိုကို ရောင်းပစ်လိုက်တဲ့အထိပဲဆိုပါတော့..
ကိစ္စမရှိဘူး... အားလုံးပြီးလို့ ပိုတဲ့ငွေနဲ့ဆိုရင် တိုက်ခန်းကောင်းကောင်းပြန်ဝယ်လို့ရသေးတယ်...
သူ့မိဘတွေကလည်း လုပ်ချင်ရာလုပ်ထားတဲ့
တစ်ဦးတည်းသောသားကို သိပ်ပြီးမျက်နှာလွဲခဲပစ်လုပ်နိုင်မယ် မထင်ပါ။
အားလုံးပြီးသွားလို့ သိသွားမှ စိတ်ဆိုးလည်း ခဏပေါ့...
မင်္ဂလာပွဲ အောင်အောင်မြင်မြင်ပြီးဆုံးသွားဖို့ကသာ အရေးကြီးတာ။ပြီးတော့မှာ ပါးရဲ့ Company မှာ အလုပ်ဝင်နိုင်အောင် ကြိုးစားမယ်.
သူပိုင်ဆိုင်ထားတဲ့ ဘွဲ့နဲ့ Certificate တွေက ရာထူးတစ်ခုလောက်တော့ အခိုင်အမာရနိုင်ပါတယ်။
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...