Unicode;
EXTRA 1.
ဆိုင်ထဲမှာ စကားပြောသံတွေနဲ့ သီချင်းသံတိုးဖျဖျ ပျံ့လွင့်လို့နေရဲ့...
ကော်ဖီဆိုင်ဆိုတော့ ကော်ဖီနံ့သင်းသင်းက နွေးထွေးနေအောင် ဝေသီလို့နေတယ်....
ဒီကြားထဲ တစ်ချက်တစ်ချက်ဝေ့ဝဲလို့လာတဲ့ လတ်လတ်ဆတ်ဆတ် Bakery အနံ့ကချိုမြမြ..အပြင်ဘက်ကနေရောင်က ခပ်လင်းလင်း...
နံရံဘေးက ခုံမှာထိုင်နေတဲ့ အရပ်မြင့်မြင့်နဲ့ အနောက်တိုင်းသားနှစ်ဦးက ကြည့်ရတာရီဝေဝေနဲ့ရယ်...
ဒီမြင်ကွင်းက ဘာရယ်မဟုတ်စိတ်ဝင်စားစရာကောင်းနေသလိုပဲ...
ဒီဘက်က အချို့သောကော်ဖီဆိုင်တွေမှာဆိုရင် ဆေးခြောက်တွေကိုတရားဝင် ရောင်းဝယ်ရရှိနိုင်တယ်တဲ့...ကြည့်ရတာ ဟုတ်မှန်တဲ့ပုံပဲ...
Bahamas က အတော်လေး အနားယူလို့ကောင်းတဲ့ နေရာတစ်ခုပဲလို့ သူလက်ခံတယ်...
လှပတယ်... လတ်ဆတ်တယ်... ယစ်မူးစရာကောင်းတယ်...ဒီလိုမျိုး သူ့ကိုတစ်ယောက်တည်းထားခဲ့နိုင်တဲ့ အဲ့ဒီရှောင်းကျန့်ကို သူကနောက်မှအားပါးတရစိတ်ဆိုးပစ်လိုက်ဦးမယ်...
"Wang.. ကျေးဇူးပြုပြီး တစ်ခုခုပြောပါဦး... "
အသံကြားရာ ပြန်လှည့်လိုက်တော့ မျက်နှာချင်းဆိုင်မှာ Avocado juice အစား Creamyကော်ဖီတစ်ခွက်ကိုသာတွေ့ရတယ်...
ကျင့်သားမရလိုက်တာ..
ဒါပေမဲ့ Creamyကော်ဖီဆိုတာက သူ့အကြိုက်လည်း မဟုတ်ပြန်ဘူး..မြင်နေကျ သွက်လက်တဲ့ငယ်ရွယ်နုပျိုမှုတွေအစား အိမ်ရှင်မတစ်ယောက်ရဲ့ ခပ်ဖျောဖျော့ အသွင်အပြင်ကိုမြင်နေရတာကလည်း ဘယ်လောက်တောင် စိမ်းသက်လိုက်သလဲ...
"တောင်းပန်ပါတယ်..."
သူဒီဆိုင်ထဲကိုဝင်လာကတည်းက အခုထိရှိနေတဲ့မိနစ်အနည်းငယ်အတွင်း သူမဆီက တောင်းပန်စကား ဘယ်နှစ်ကြိမ်ကြားခဲ့ပြီးပြီလဲမသိတော့...
သူ့အတွေးထဲ ဘာခံစားချက်ဆိုတာမှန်းမသိအောင် ဝေဝါးလို့နေတယ်..စိတ်ထဲတေးမှတ်ထားတဲ့အရာတွေ အရမ်းများသွားတဲ့အခါ...
ပြောပစ်ချင်တဲ့စကားတွေ အရမ်းများနေတဲ့အခါ...
ပြောင်းလဲမှုက အရမ်းကို ရုပ်တရက်ဆန်လွန်းသွားတဲ့အခါ...
အဲ့ဒီလိုအချိန်အခါမျိုးတွေကြုံတွေရတဲ့သူတွေဟာ စိတ်အစဥ်တို့ အမှတ်တမဲ့ရပ်တန့်သွားပြီး လေဟာနယ်လို ဖြစ်သွားတက်တယ်တဲ့....
လက်ရှိ သူလည်း ဒီလိုပဲ ဖြစ်နေတယ်ထင်ရဲ့...
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...