100%. Twelve

5K 445 17
                                    

Unicode;

ပူပြင်းတဲ့ ဧပြီလရဲ့နေ့လည်ခင်းတစ်ခုမှာ ဝမ်ရိပေါ်တစ်ယောက် စိတ်လေလို့နေတယ်။
ပြင်းခြောက်ခြောက်စံအိမ်ကြီးမှာ အလုပ်မရှိ အကိုင်မရှိနဲ့ သူသိပ်ပြီး အားလပ်နေလို့ပါပဲ..
ပြောရရင် အားနေတဲ့ရက်က ပိုများတယ်..
တစ်လဆိုတဲ့အချိန်တစ်ခုအတွင်း သူသိလိုက်တဲ့အရာတစ်ခုက ပြည့်စုံစွာကိုက်ညီတဲ့ အလုပ်တစ်​နေရာရဖို့ သိပ်ခက်ခဲတယ်ဆိုတာကိုပဲ...

သူ့အတွက် အလုပ်က ရှားတယ်လို့တော့ မဟုတ်ပါဘူး..
သူက ဖျော်ဖြေရေးလောကမှာ အထိုက်အလျောက်တော့ ဝင်ဆံ့နေပြီဖြစ်ပြီး သူမကြာခဏလိုလို ပါဝင်ဖူးတဲ့ Showတွေကတစ်ဆင့် Modeling Agency တွေက တရားဝင်စာချုပ်ချုပ်ဖို့ ကမ်းလှမ်းတာတွေလည်း ရှိပါတယ်။

ဝမ်ရိပေါ်က Fashion Designer တွေသိပ်သဘောကျတဲ့ အချိုးအစားနဲ့ပြည့်စုံတဲ့သူမျိုး..
ရုပ်ရည်ကအစခန္ဓာကိုယ်အထိ အနာအဆာမရှိပဲ ဘယ်လိုဒီဇိုင်းပဲဆင်ဆင် လိုက်ဖက်အောင် ချပြတက်သူဖြစ်တယ်။
ဝမ်ရိပေါ်ကိုယ်တိုင်ကလည်း typeပေါင်းစုံကို စမ်းသတ်ဖို့ ဝန်မလေးသူဖြစ်ပြီး ဘာပဲဝတ်ပြဝတ်ပြ မိမိုက်နေတက်တဲ့ ယောကျ်ားမျိုး..

Fashion Show တွေမှာဆိုရင် ဝမ်ရိပေါ်ပါတဲ့ပွဲဟာ လူ​ကြိုက်များတက်ကြပြီး ဝမ်ရိပေါ်ဝတ်ပြတဲ့ဝတ်စုံတွေဆိုရင် အောင်မြင်သွားသည်ကများတာမို့ သူနဲ့စာချုပ်ချုပ်ချင်သူက များတော့များတယ်။

ဒါပေမဲ့ ဝမ်ရိပေါ်ဆိုတာက လွပ်လွပ်လပ်လပ်ပဲနေချင်တဲ့လူအမျိုးအစား....
အနုပညာရှင်လုပ်ပြီး ဘောင်ခတ်နေရတဲ့ဘဝမျိုးကို မလိုချင်သလို ဒီလိုစာချုပ်တွေ၊ ကန့်သန်ချက်တွေနဲ့ နှစ်ရှည်ကြာခြေချုပ်မိနေမှာမျိုးကို မလိုချင်တာကြောင့် လက်မခံဖြစ်ခဲ့တာ...
ပြီးတော့ ဒါကAgency ဖြစ်တာမို့ ဘယ်လောက်ရရ သူ့ခွဲတမ်းကိုပဲ ခံစားရမှာမို့ သူ့အတွက် မကိုက်ဘူး...

တစ်ချိန်က ပြည့်စုံစွာ ရှင်သန်ခဲ့သမျှမှာ အပူအပင်ဆိုတာဘာမှန်းမသိခဲ့...
သူကိုယ်တိုင် မဖြစ်မနေငွေရှာဖို့လိုတဲ့အခြေအနေမဟုတ်ခဲ့တာမို့ ဝန်ခံရရင် ပေါ့ပေါ့ပါးပါးနေခဲ့သည့်အချိန်ကများတယ်..
အချိန်တန်ရင် သူ့ရဲ့ ကဒ်ထဲ မိဘဆီကငွေဝင်လာသည်သာ..
အလုပ်အကိုင်ဆိုတာကလည်း သာမာန်ကာလျှံကာသာလုပ်ခဲ့သည့် အပျော်တမ်းအဆင့်သာရှိခဲ့သည်လေ..

100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||Where stories live. Discover now