Unicode;
လုပ်စရာတော့ သိပ်မရှိဘူး...
တစ်ယောက်တည်း အချိန်ဖြုန်းဖို့ လိုနေတာမို့သာ ကုန်တိုက်ထဲ လျောက်ကြည့်နေတာ..ဒီအစိမ်းရောင် Shirtလေးက ဝမ်ရိပေါ်ရဲ့ စတိုင်လေးပဲ... ရိပေါ်နဲ့ဆို သိပ်လိုက်မှာ....
ဒီကောင်လေးက ခပ်ပွပွတွေဝတ်ရတာ သိပ်ကြိုက်တယ်။ တကယ်လည်း ဒါမျိုးလေးတွေနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်ကလေး...
ခနနေကျ မြို့ထဲ ကားပတ်မောင်းရင်ကောင်းမလား...
နေပူတာမို့ Sunglassအသစ်နဲ့ ဦးထုတ်တစ်လုံးလောက် ဝယ်ပေးရင်လည်း ကောင်းမယ်....သူနာရီကို ကြည့်လိုက်တယ်...
ဆယ့်ငါးမိနစ်ရှိပြီ... ဒီအချိန်လောက်ဆို နှစ်ယောက်သား ဆုံလောက်ရောပေါ့...
ဟိုရက်ကလိုပဲ ဒေါသတွေကြီးနေဦးမလား...
သူ့ကိုပဲ စိတ်တွေဆိုးနေလိမ့်မလား...သူနဲ့အတူရှိနေခဲ့တဲ့ ၀မ်ရိပေါ်က ပျော်နေခဲ့တာ သေချာပါတယ်။
ဒီအပြုံးတွေက အစစ်အမှန်ဆိုတာ သူခံစားမိတယ်။အဲ့ဒီအပြုံးတွေက ရုပ်တရက်ကြီးရပ်တန့်သွားတာကို အဲ့ဒီနေ့က မြင်လိုက်ရတယ်...
သူမဟုတ်တဲ့ အခြားသော တစ်ဦးတစ်ယောက်ကြောင့်...ရတနာဆိုင်တစ်ခုရှေ့ဖြတ်ရင်း အမှတ်မထင်ဝင်ကြည့်မိတော့ Gucciရဲ့ နွားခေါင်းပုံလည်ဆွဲလေးတစ်ခုက သူ့ကို ဆွဲဆောင်သွားတယ်။
မြင်မြင်ချင်းကို ဒီလက်ရာမှာ အရှိန်အဝါတစ်ခု လွှမ်းမိုးမှုရှိတယ်လို့ ခံစားလိုက်ရတာမျိုး...
ဝမ်ရိပေါ်ရဲ့ရာသီခွင်က Ox(နွားထီး) ပဲ...
ဒီကောင်လေး လည်တိုင်ပေါ်မှာသာရှိနေရရင် အတော်လေး ပြည့်စုံလိုက်ဖက်နေလိမ့်မှာသေချာတယ်။"ဒါလေး ကြည့်လို့ရမလား.."
ဝန်ထမ်းအမျိုးသမီးက ဖော်ဖော်ရွေရွေပြုံးလို့ စိတ်ရှည်လက်ရှည်ပြသရှာပါတယ်။
မိနစ်သုံးဆယ်ရှိသွားပြီ...
အဲ့ဒီEline ဆိုတဲ့ မိန်းကလေးကို သူသိတယ်။
လောင်ရှီရဲ့ စုံစမ်းမှုကနေတစ်ဆင့် ဓာတ်ပုံအချို့ကို အစောပိုင်းကတည်းက သူမြင်တွေ့ထားပြီးဖြစ်တယ်။
အဲ့ဒီနေ့ မြင်စကတည်းက သူမှတ်မိနေခဲ့တာ....
အဲ့ဒီဓာတ်ပုံတွေထဲမှာ ၀မ်ရိပေါ်နဲ့ အတူရှိနေတဲ့ မိန်းကလေးက သူမပဲ...
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...