Unicode;
အမှန်တကယ်လား ပကာသနလားမသိပေမဲ့ လူအားလုံးတို့ဟာ သူတို့နှစ်ဦးအပေါ် ကောင်းမွန်တဲ့မှတ်ချက်တွေနဲ့သာ ချီးမွန်းသွားကြတယ်။
ဒါက ရာနုန်းပြည့်အမှန်တရားမဟုတ်နိုင်ဘူးဆိုတာ သိရဲ့နဲ့တောင် သူက တစ်မျိုးတစ်ဖုံစိတ်သက်သာရာရသွားသလိုခံစားရတာကြောင့် အစပိုင်းတင်းကျပ်နေတဲ့စိတ်တို့ဟာ ပြေလျော့စပြုလာတယ်။
ဒါပေမဲ့ မသိတဲ့နယ်ပယ်ကလူအများကြီးကြားထဲနေရခြင်းက ဘယ်လောက်ပဲ အဆင်ပြေပါစေဦးတော့ စိတ်ရှုပ်ထွေးမှုကတော့ တစ်စတစ်စမြင့်တက်လာရတာပဲ...ခေါင်းမူးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ အချိုရည်တစ်ခွက်နဲ့အတူ ထောင့်တစ်နေရာမှာပြင်ဆင်ထားတဲ့ မီနီဘားလေးမှာ ထိုင်ခွင့်ရလိုက်တယ်...
လက်ထဲက အချိုရည်ခွက်ကိုတော့ သိပ်မကျေနပ်ဘူး။
အမှန်တကယ်သူက အချိုရည်အစား ယမကာတစ်ခွက်ကိုကိုင်ထားချင်တာ..
သောက်စရာကမ်းတဲ့Waiterလေးဆီက အရက်တစ်ခွက်ကိုယူဖို့ဟန်ပြင်ပေမဲ့ အဲဲ့ဒီလူက လက်ထဲအချိုရည် လာထည့်ပေးသွားတာလေ။
မကျေနပ်ပေမဲ့ လူကြားထဲ ပထမဆုံးတက်တဲ့ပွဲမို့ သီးခံပေးလိုက်တယ်။ဒီလူနဲ့တွေ့မှ ဝမ်ရိပေါ် သိပ်ပြီးသီးခံတက်နေတယ်..
ကြည့်ရတာ သူရင့်ကျက်လာပြီထင်ရဲ့...ဒါပေမဲ့ အဲ့ဒီလူကို မကျေနပ်ဘူး..
အဲ့ဒီရှောင်းကျန့်က အရမ်းကိုလူမှုရေးထူပြောတာပဲ...
မလှမ်းမကမ်းက ပျိုမဒီတစ်သိုက်နဲ့စကားဖောင်ဖွဲ့လို့ တစ်ယောက်တည်း သာယာနေလိုက်တာ...
အိမ်ပြန်လို့ မရသေးဘူးလို့ဆိုပြီး သူ့ကိုကျတစ်ယောက်ထဲထားထားပြီး ရယ်မောနေနိုင်တယ်တဲ့လေ...
အဲ့လောက်တောင် သဘောတွေ့နေတာတဲ့လား..
ပြုံးနေတာက အမြင်ကတ်စရာကောင်းလောက်အောင်ကို ကြည့်ကောင်းနေသေးတာ..
ဒီလူက ဝမ်ရိပေါ်ကို မခန့်ဘူး..
ကျေကိုမကျေနပ်ဘူး..
အရမ်းတွေပီတိဖြာနေတယ်ပေါ့လေ..လက်ထဲက အချိုရည်ကို ရှောင်းကျန့်အမှတ်နဲ့ တစ်ဂွတ်ဂွတ်မြည်အောင်သောက်ပစ်တယ်။
အဲ့ဒီရှောင်းကျန့်ကို အရည်ဖျော်ပြီး တစ်စစီဆွဲဖြဲပစ်ပြီဆိုတဲ့စိတ်နဲ့အတူ မနေ့ကအကြောင်းအရာတွေကလည်း ခေါင်းထဲအစီအရီ....
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...