Unicode;
သတိဝင်လာတဲ့ဝမ်ရိပေါ်က ထိတ်လန့်ခြင်းနဲ့အတူ ရှောင်းကျန့်ရင်ခွင်ထဲကနေ ရုန်းထွက်ပြီး သူ့အခန်းရှိရာကို သုတ်ခြေတင်ပြေးရတယ်...
အတွေးတွေလည်း ချာချာလည်ကုန်ရဲ့...ဘာလဲ ဘာလဲ ဘာလဲ...
ငါဘာလုပ်လိုက်တာလဲ..
ငါဘာတွေပြောလိုက်မိတာလဲ...ပြေးလာတဲ့ခြေလှမ်းတွေက သူ့အခန်းဆီရောက်တဲ့အချိန်မှာပဲ ခွေယိုင်လဲတယ်...
ရင်အစုံဟာ ပြုတ်ကျတော့မလား ထင်မှတ်ရအောင်ခုန်လှုပ်လို့..
ပူထူလာတဲ့ မျက်နှာတွေဟာ မီးတောက်အလားပဲ..အဲ့ဒီအခိုက်အတန့်မှာ သူ့ကိုယ်သူသတိမထားမိခဲ့တာ...
ထုံထိုင်းသွားသလိုအတွေးတွေဟာ ရှောင်းကျန့်ကိုဝန်ခံမိသွားတဲ့အထိ သူ့ကိုယ်သူမနိုင်တော့တာ..
ဘယ်လိုလုပ်ရမလဲ...
သူ့မျက်နှာဘယ်နားထားရတော့မလဲ..
ဒီလူကို ဘယ်လိုဆက်ရင်ဆိုင်ရမတဲ့လဲ...
ဒီရှေ့လျောက် သူက ရှောင်းကျန့်ကို ဘယ်လိုပုံစံနဲ့စကားပြောရမှာလဲ...
အဲ့ဒီမှာ အကြီးစားသောက်ကျိုးတွေထပ်နည်းတာပဲ...ျီးပဲ... အခုကိုဘယ်လိုအပြင်ထွက်ပြီး ဘယ်လိုအလုပ်သွားရမလဲ...
အမြန်ဆုံးစိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူစဥ်းစားတယ်...
ရှောင်းကျန့်က လူကြီးလူကောင်းတစ်ယောက်ပဲ..
ဒီလူက တည်ငြိမ်တယ်... ဒီလူက သူ့ကိုအနေခက်အောင်မလုပ်ဘူး... ပြီးတော့ ဂရုလည်းစိုက်တက်တယ်။"Ahhhh....."
ဂရုစိုက်တက်ပေမဲ့.... ဒီလူက မျက်နှာရူးတစ်ယောက်ပဲ... သူ့ကိုမျက်စိဒေါက်ထောက်ကြည့်ပြီး အခွင်သင့်တာနဲ့ စနောက်တက်တဲ့လူ...
သူ့ကို ရှက်အောင်လုပ်တက်တဲ့လူ...
ဒီလူက အခွင့်ရေးသမားကြီးပဲကို..."Ahhaa... Ahhaa... ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မလဲ.... "
ဝမ်ရိပေါ် ကြမ်းပြင်ပေါ်မှာပဲ ခြေကားယားလက်ကားယားနဲ့ ခြေစုံကန်ပြီး တစ်ကိုယ်လုံးလည်နေအောင်လိမ့်တယ်...
ဖြူဖြူဥဥလေးဖြစ်တဲ့အပြင် ဝတ်ထားတာက အဖြူရောင်လေးပဲမို့ ဝါဂွမ်းလုံးလေး လိမ့်နေသလိုပဲ.....အပြင်ကနေ တံခါးပေါက်လေးအသာဟပြီးချောင်းကြည့်တဲ့ရှောင်းကျန့်က ခိုးရယ်ရင်း အသဲယားလွန်းလို့ အံကြိတ်ရတဲ့အထိရယ်...
လက်ထိပ်တွေနဲ့ရင်ဘတ်တစ်ခုလုံး တစ်ဆစ်ဆစ်နဲ့ရယ် အပ်တွေထောင်ချီထိုးနေသလိုပဲ...
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...