Unicode;
"ကျွန်တော် ရွေးချယ်စရာမရှိခဲ့ဘူး..မား.."
စကားဝိုင်းဟာ ခေတ္တတိတ်ဆိတ်သွားတယ်။
လီကျာရင်းကတော့ သားဖြစ်သူကိုအခြားလူတစ်ယောက်လိုမျိုး ကြည့်ရှုမိရဲ့...
ဒါဟာ သူမ မြင်နေကျဖြစ်ခဲ့တဲ့ ရှောင်းကျန့်ရဲ့ ပုံစံနဲ့ကွဲထွက်နေခဲ့တာကြောင့်...
အမြဲလို အလုပ်ထဲမှာပဲ ဘဝကိုနှစ်မြုတ်နေခဲ့တဲ့ သူဟာ အခုတော့ သူမကို မကြည့်ခဲ့ဖူးတဲ့အကြည့်တွေနဲ့ပြန်ကြည့်လို့ သိမ်းဆည်းထားခဲ့ပုံရတဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသနေပါတယ်...
ရှောင်းကျန့်ဆီက ဘယ်တုန်းကမှ ပင်ပန်းကြောင်းမကြားခဲ့ဖူးသလို ဒီတာဝန်တွေအပေါ် ဘယ်လိုသဘောထားရှိတယ်ဆိုတာလည်း မသိရဖူးခဲ့...
ဒါဟာ ဆယ်စုနှစ်တစ်ခုကိုတောင် ကျော်လွန်ခဲ့ပြီဖြစ်တယ်။"လက်စသတ်တော့ ဒီလိုအတွေးတွေရှိနေခဲ့တာပဲ...."
မိခင်ဖြစ်ပြီး မမြင်ခဲ့လေခြင်းလား...
"ဒီလိုဆိုတော့ ပါးနဲ့မားကို စိတ်နာနေခဲ့မှာပဲ..."
"မဆိုင်တာတွေ မပြောနဲ့မား... အားလုံးက ပြီးပြီးသားကိစ္စတွေ... ကျွန်တော် ဒါကိုဘယ်တုန်းကမှ မကျေမနပ်မဖြစ်ခဲ့ဖူးဘူး... မားကိုလည်း တစ်ကြိမ်မှ အပြစ်မတင်ဖူးဘူး... အခုက ကျွန်တော့ခံစားချက်ကို မားမြင်စေချင်ရုံပဲ... ဒါက ကျွန်တော့ရဲ့တစ်ခုတည်းသောဆန္ဒဆိုတာ သိစေချင်ရုံပဲ..."
ရှောင်းကျန့်က ဒီညမှာ အရင်အချိန်တွေလို တည်ငြိမ်ခြင်းရှိမနေခဲ့ပါဘူး... စကားလုံးတိုင်းဟာ ဆတ်ဆတ်ထိမခံဖြစ်ကာ ထိရှလွယ်လို့နေတယ်...
"အဲ့တာနဲ့ပဲ ဘဝတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ဒီကိစ္စကို နှစ်ယောက်တည်းသဘောနဲ့ လုပ်ပစ်လိုက်တယ်ပေါ့... မင်းတို့စိတ်ထဲမိဘဆိုတာ ရှိသေးရဲ့လား....မိဘက ဘာကြောင့်ဒီလောက်တားနေတာလဲဆိုတာ သိရဲ့လား..."
"ကျွန်တော်တို့ ကလေးတွေလို စဉ်းစားဉာဏ်မဲ့နေတာလည်းမဟုတ်ဘူး.. ကျွန်တော်တို့ကြား အခက်အခဲတွေများတယ်ဆိုတာလည်းသိတယ်။ အများကြီးရင်ဆိုင်ရမယ်ဆိုတာတွေ အားလုံးကြိုတွေးပြီး ဆုံးဖြတ်ခဲ့တာ... ပြင်ဆင်သင့်သလောက်လည်း ပြင်ဆင်ထားပြီးပြီ... မားသဘောမတူရင်တောင် ကျွန်တော်တို့လက်ထပ်ကြောင်း ကြေငြာတော့မှာ..."
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...