Unicode;
အချိန်က ညနေ လေးနာရီလောက်..
သူအတော်လေး မအားမလပ်ဖြစ်နေတယ်..
မကြာခင် နွေဝင်လာတော့မယ်..
ဒီလိုအချိန်ဆို အပန်းဖြေဖို့လာကြတဲ့သူတွေ များတာမို့ ဟိုတယ်မှာ ရေကူးကန်နဲ့bar တစ်ခုလောက်တိုးချဲ့ဖို့ သူတွေးနေတယ်..
ဒါပေမဲ့ သူအလိုရှိနေတဲ့ မြေနေရာပိုင်ရှင်က ညှိနှိုင်းလို့မရဖြစ်နေတယ်...
လူအချို့လွှတ်ပြီး ပိုင်ရှင်စိတ်တိုင်းကျဆွေးနွေးစေသော်လည်း ကာလကြာလာသည့်တိုင် အဆင်မပြေ။
အဆိုပါပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအချက်အလက်ကိုစစ်ပြီးနောက် မနက်ဖြန်မှာ သူကိုယ်တိုင်သာတွေ့ပြီး ညှိနှိုင်းဖို့ တွေးထားတယ်.သူ့လက်အောက်ခံ ဆေးCompanyက ဒီတစ်ကြိမ်ထုတ်လုပ်ဖို့အဆိုပြုထားတဲ့ ဆေးဝါးအသစ်ကလည်း သူ့ကိုအတော်လေး ခေါင်းစားစေတဲ့ အထဲမှာပါဝင်နေသည်။
နေ့လည်က အစည်းအဝေးမှာ ဆေးဝါးကျွမ်းကျင်သူတွေက စမ်းသတ်အောင်မြင်ပုံ၊ ဆေးရဲ့ထိရောက်ပုံနဲ့ စျေးကွက်မှာအောင်မြင်နိုင်တယ်ဆိုတဲ့အကြောင်းကို ရွှန်းရွှန်းဝေအောင်ပြောနေကြပေမဲ့ သူမယုံရဲ..
သူ့လိုပဲ တခြားဒါရိုက်တာတွေကလည်း ဝေခွဲရခက်နေတယ်..
အသုံးပြုရမဲ့ပါဝင်ပစ္စည်းတွေက ရှားပါးပြီး သူကိုယ်တိုင်လည်း ကြားဖူးနားဝသိပ်မရှိ...
ဆေးဖော်စပ်တဲ့ ဓာတ်ခွဲခန်းအချက်အလက်တွေအရ မြုတ်နှံပစ်ဖို့ရာ အတော်လေးထုထည်ကြီးမားတယ်။
သူက ဆေးနှင့်ကျမ်းမာရေးအကြောင်းသေချာမသိတဲ့ စီးပွားရေးသမားတစ်ဦးသက်သက်ပင်...
သူ့အလုပ်က စျေးကွက်တွက်ချက်ပြီးရင်းနှီးမြုတ်နှံမှုသာဖြစ်တယ်။
အရင်းအနှီးကြီးမဲ့ project ဖြစ်ကာ အောင်မြင်လျှင်အကျိုးအမြတ်များသလောက် တစ်ခုခုအမှားဖြစ်ခဲ့လျင် ဆုံးရှုံးမှုက ပိုကြီးနိုင်တယ်..လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဆေးCompany တစ်ခု ထုတ်လုပ်မှုတစ်ခုမှာ အမှားဖြစ်ခဲ့ပြီး လူတွေကိုအန္တရာယ်ဖြစ်စေခဲ့တဲ့ဖြစ်ရပ်ကို သူသတိရမိတယ်...
တစ်နှစ်လောက် တရားရင်ဆိုင်ပြီးတဲ့နောက် အဆိုပါCompany လည်း ဒေဝါလီခံလိုက်ရတာပဲ..
သူက လက်ရှိမှာ ရှယ်ယာနဲ့မြုတ်နှံမှု အမြင့်ဆုံးလူတစ်ဦးဖြစ်နေတာမို့လို့ သူ့ဆုံးဖြတ်ချက်က အဓိကလိုဖြစ်နေပြန်တယ်....
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...