Unicode;
သူ့ကြိုးစားမှုက တစ်နည်းအားဖြင့်တော့ အရာထင်ခဲ့သည်ပဲလေ...
သူဝတ်တဲ့ ဝတ်စုံက ရွေးချယ်ခံရတာမို့ အမလီလီရော သူပါ အများကြီးဂုဏ်ပြုခံခဲ့ရတယ်။
တော်တော်ကြာမှရတဲ့ ပျော်ရွှင်မှုတစ်ခုပါပဲ....
သူပြန်ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်မှန်တယ် ထင်တာပါပဲ...ပန်းစည်းတွေနဲ့ ချိုမြမြပြုံးရင်း စင်အနောက်ဖက်ဆီလျောက်လာတော့ သူ့လမ်းပေါ်လူတစ်ယောက်က ပိတ်ရပ်နေတဲ့အခါ မကြာခင်ကရှိနေတဲ့ ပျော်ရွှင်မှုတွေက လွင့်ကနဲ...
ရှောင်းကျန့်....
"တော်တော် လိမ်လိမ်မာမာနေခဲ့တာပဲနော်.. အရမ်းကိုစကားနားထောင်တာပဲ..."
"......"
မမြင်ရတဲ့ အတောတွင်း အမြင်ကတ်စရာပိုကောင်းလာတာပဲ...
တစ်ခြမ်းပြုံးရင်း လူကိုမထိတထိဆိုလာတော့ မမြင်ဟန်လုပ်ပြီး ကျော်သွားပစ်လိုက်တယ်။
သူ အစောကတည်းက လှမ်းမြင်လိုက်ပြီးသားပါ..
အလုပ်ရှိတယ်ဆိုတဲ့လူက ဒီကို မိန်းမတစ်ယောက်နဲ့ ရောက်လာခဲ့တာကရော မှန်ကန်နေသတဲ့လား..သူမမြင်ဟန်လုပ်ပြီး ကျော်သွားလိုက်တယ်။
"ဟေး"
"ကြည့်စမ်း... လူကိုဘာအချိုးချိုးသွားတာလဲ.."
"......."
ဖြူဖြူလွင့်လွင့်နဲ့ လှုပ်လဲ့လှုပ်လဲ့သွားနေတဲ့ ကောင်လေးရဲ့ ဘေးနားက ရှောင်းကျန့် လိုက်လျောက်ပြီး ပြုံးစစဖြင့်...
"ဒီကိုလာရမှာကိုဘာလို့မပြောတာလဲ..ကြိုသိရင် ရတဲ့နည်းနဲ့ အချိန်ညှိရမှာကိုပဲ.."
"........"
"ဝမ်ရိပေါ်.."
".........."
"အဖြူရောင်နဲ့ ဒီကသခင်လေး"
"........."
ဒီလို ချေတယ်လား... ရတယ်လေ..
ဒီကလေးကို ဒီလိုမြင်လေလေ စနောက်ချင်လာတဲ့စိတ်တို့က ရှောင်းကျန့်အတွက် အစိုးမရ...
"ကိုယ့်ယောက်ျားတစ်ယောက်လုံး လိုက်လာတာတောင် မသိချိုး ချိူးတယ်ပေါ့လေ... မှန်းစမ်း.. ဘယ်သူရှိနေလို့လဲ..."
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...