Unicode;
" 1...2...3 . Shoot"
တစ်ဖျက်ဖျက်ကင်မရာမီးရောင်အောက် ဝမ်ရိပေါ်ဟာညှို့ငင်မှုအပေါင်းခညောင်းလို့နေတယ်...
ထူးခြားတည်တံ့တဲ့ မျက်နှာသွင်ပြင်၊ ကျစ်လျစ်ပြည့်စုံတဲ့ ခန္ဓာကိုယ်နဲ့အတူ အပိုအလိုမရှိတဲ့ ကိုယ်ဟန်အမူအရာကပါ အသက်သွင်းလေတော့ မြင်ရသူတိုင်းအပေါ် တကယ့်ကိုလွှမ်းမိုးလို့ပါပဲ...ဝမ်ရိပေါ်က အလုပ်တာဝန်ကျေမှုမှာ Professional အဆင့်တောင်ပြောလို့ရတဲ့ လူတစ်ဦး...
အလုပ်ချိန်မှာ အာရုံပျံ့လွင့်ခြင်းမရှိ.. လက်လွတ်စပယ်လုပ်ဆောင်ခြင်း မရှိ...
အသေးစိပ်အထိ စိတ်တိုင်းကျမှရပ်တန့်သူဖြစ်တယ်...
ဝမ်ရိပေါ်က ဒီအပိုင်းမှာဆိုရင် အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပါတယ်။ဒီနေ့ ဝမ်ရိပေါ်ရဲ့ ဓာတ်ပုံရိုက်ကူးမှုကို CEO ဖြစ်တဲ့ ရှောင်းကျန့်က လာကြည့်တာမို့ ဝန်ထမ်းတွေက အမှားမရှိအောင် ဂရုတစိုက်ရင်း သူတို့CEOရဲ့ အရိပ်အကဲကိုလည်း ကြည့်ရသေးတယ်..
CEO က ချိုသာပြီးသဘောကောင်းပေမဲ့ ဘယ်နေရာမှာမှ လစ်ဟင်းတာမျိုးကို မကြိုက်ဘူး...
အမှားဖြစ်ရင်လည်း မညှာတက်ဘူး...
သူတို့CEOက အရမ်းလည်းမိုက်တယ်... ကြောက်လည်းကြောက်ရတယ်..ပြေးနုတ်ဆက်သူ နုတ်ဆက်.. အခြေအနေတင်ပြသူ တင်ပြနဲ့ ဝန်ထမ်းအားလုံး အရိပ်တကြည့်ကြည့်နဲ့ အာရုံစိုက်နေပေမဲ့ ဝမ်ရိပေါ်ကတော့ အရမ်းကိုတည်ငြိမ်တာပဲ...
CEO လာလို့လဲ အရေးတစိုက်လှည့်ကြည့်တာ နုတ်ဆက်တာ မလုပ်ဘူး..
သူ့လုပ်စရာရှိတာကိုပဲ ဆက်လုပ်တယ်..
မျက်လုံးရော မျက်နှာအမူအရာရော.. တစ်ချက်တောင် မပြောင်းဘူး..ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ လှုပ်ရှားမှုကိုကြည့်တယ်..
ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ရင်း အဆင်ပြေကြောင်း မှတ်ချက်ပေးတယ်။
ပြီးတာနဲ့ ဒါရိုက်တာနဲ့ အစီအစဉ်အကြောင်း၊ Shooting setting ဘယ်လိုပုံစံ ရချင်ကြောင်း ဆွေးနွေးတယ်...
အဖွဲ့မှုးကို ကုန်ပစ္စည်းထုတ်ဝေမှုနဲ့ပတ်သတ်ပြီး မေးမြန်းတယ်...
အရာအားလုံးသမာရိုးကျစွာလည်ပတ်မှုပါပဲ..ရှောင်းကျန့်ရော ဝမ်ရိပေါ်ရော နှစ်ဦးလုံးက ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို အတိအကျခွဲခြားထားကြတယ်...
ဒါက သူတို့နှစ်ဦးကြားထဲက သဘောတူညီမှု..
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...