100%. Thirty four.

4.6K 357 16
                                    

Unicode;

Warning Sexual contact . 🚨

ရှောင်းကျန့်က ကတိပေးတဲ့အတိုင်း လုံးဝမစနောက်တော့ဘူး..
အဲ့ဒီအစား သူ့ကိုပွေ့ချီလျက်ပင် မွတ်မွတ်သိပ်သိပ်နမ်းတယ်။
အဆက်မပြတ်စနောက်ချင်နေတဲ့ ရှောင်းကျန့်က အခုစနောက်ဖို့ သတိမရတော့တဲ့ပုံပဲ...

မွေ့ရာပေါ် သူအထိုင်ကျသွားတဲ့အချိန်မှပဲ နုတ်ခမ်းနှစ်ခုက လွတ်သွားတာမို့ ပြတ်လပ်သွားတဲ့ အောက်ဆီဂျင်ကို အမိဖမ်းရတယ်။
ထိုင်နေတဲ့သူ့အပေါ်ကို ရှောင်းကျန့်က ခပ်စောင်းစောင်းအုပ်မိုးလို့ မက်မက်မောမောကို ကြည့်နေတော့တာမို့ သူ့ခန္ဓာကိုယ်က မွေ့ယာပေါ် လဲပြိုမတက် ယိုင်နဲ့နဲ့ရယ်...
ရှောင်းကျန့်ရှေ့တိုးလာတာနဲ့အမျှ နောက်မှာထောက်ထားတဲ့ သူ့လက်နှစ်ဖက်က တစ်စတစ်စ အားအင်ချိနဲ့လာလို့ ကျောပြင်က တစ်ဖြည်းဖြည်း နိမ့်ဆင်းကျတယ်။

အဲ့ဒီလူ အသက်ရှုသံတွေမြန်နေလိုက်တာ။
ရင်အစုံက နိမ့်လိုက်မြင့်လိုက်နဲ့ မောနေပုံပဲ....
နားထင်ပေါ်ကချွေးစက်တွေက စိုလက်နေကာ အခန်းမီးမှိန်မှိန်အောက်မှာ ပိုပြီးညို့အားပြင်းနေရဲ့....
သူ့ရင်တွေ အဆက်မပြတ်ခုန်လှုပ်​နေတယ်...
ဒီလူက လိုချင်စရာသိပ်ကောင်းတာပဲ...

"ခင်ဗျား... အခုကတည်းက မောနေပြီလား"

ရှောင်းကျန့်အကြည့်တွေက သူ့ နုတ်ခမ်းမှာ ရစ်၀ဲလို့ အဆုံးသတ်တယ်။

"မင်းက ကိုယ့်ကိုမောအောင်လုပ်နေတာလို့ မထင်ဘူးလား..."

ဒီလူကညိုတယ်။
ရူးလောက်အောင်အားပြင်းတယ်။
ငြင်းဆန်ဖို့ရာသိပ်ပြီးခက်ခဲပါတယ်။

သူ့ကျောပြင် မွေ့ရာပေါ်တိတိကျကျပြိုလဲကျချိန်မှာတော့ ရှောင်းကျန့်လက်တွေက သူ့အကျီကြယ်သီးတွေကို ဖြုတ်နေလေပြီ....
သူအသက်ရှုပိုမြန်လာတယ်။

တစ်ချိန်တုန်းက သူဟာ ဒီလိုအခြေအနေမျိုး ရောက်ဖို့နေနေသာသာ ယောက်ျားတစ်ယောက်နဲ့ ပတ်သတ်ဖြစ်လိမ့်မယ်လို့ တစ်ကြိမ်မှ မတွေးခဲ့ဘူး...
ဒါပေမဲ့.. အခုချိန်မှာတော့ အတူချစ်တင်းနှောဖို့အထိ စိတ်ဆန္ဒဖြစ်နေတဲ့သူဟာ ဒီအမျိုးသားသာဖြစ်​ပြန်တယ်။

100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||Where stories live. Discover now