Unicode;
ကားကိုရပ်လိုက်ပြီး လှမ်းကြည့်လိုက်တော့ ကောင်လေးက လမ်းဘေးပလပ်ဖောင်းပေါ်မှာ ဒူးနှစ်ဖက်ကို ရင်ဘတ်မှာကပ်နေအောင်ကွေးကုတ်ပြီး ငုတ်တုတ်လေးထိုင်လျှက် သူရှိရာဘက်ကိုလှည့်ကြည့်တယ်..
သူကားပေါ်ကဆင်းပြီး အနားကိုလျောက်သွားတဲ့အထိ ပုံစံမပြောင်းပဲ သူ့ကိုသာမျက်နှာမလွဲတမ်း ငေးစိုက်စိုက်ဖြစ်နေတုန်း...
မျက်ဝန်းတွေက ယောင်ဝါးဝါးဖြစ်နေသလို၊ လမ်းပျောက်နေသလို.. ပထမရက်နဲ့မတူညီစွာ စူးရှမှုအလျှင်းကင်းမဲ့လျက်...
ရှေ့တည့်တည့်အထိ လျောက်သွားပြီး ကောင်လေးကို ငုံကြည့်မိတယ်။
ပေရေညစ်ပတ်လို့ နုတ်ခမ်းထောင့်မှာလည်းပေါက်ပြဲနေပြီး ဒဏ်ရာတွေထင်ဟပ်နေတဲ့ လုံးတုံးတုံးမျက်နှာလေးက ငြိုးငယ်နေလိုက်တာ အိမ်ပျောက်တဲ့ကြောင်ပေါက်လေးတစ်ကောင်နှယ်... ဒါဟာ လုပ်ယူခြင်းမမည်တဲ့ သဘာဝရဲ့ချစ်စရာကောင်းခြင်းတမျိုးလို့ သူရုပ်ချည်းတွေးတယ်..မကြာခင်ကအထိ လေသံမာနေတဲ့ ဖုန်းထဲကကောင်လေးက ဒီရှေ့ကကောင်လေး ဟုတ်ပါလေစ...
သူခပ်ရေးရေး ပြုံးမိသွားတယ်ထင်တယ်။
သူ့ကို ဆက်တိုက်မော့ကြည့်နေရှာတဲ့ သနားကမားကောင်လေးကိုကြည့်ရင်းသူ့ရင်ထဲ ခံစားချက်တစ်မျိုးဖြစ်ပေါ်လာတဲ့အခါ မနေနိုင်စွာထုတ်ပြောမိတယ်.."ကိုယ့်ကို ဒီလောက်တောင်မော့ကြည့်နေတာ လည်ပင်းမညောင်းဘူးလား"
".........."
'အဟွတ်..အဟွတ်'
အဲ့ဒီအခါမှ တစ်ဖက်ကိုလှည့်ကာ ချောင်းထဆိုးလေတယ်...
"နေထိုးပြီး မျက်လုံးတွေပြာနေလို့.. ခင်ဗျားကို သတိတောင်မထားမိဘူး"
"အော်"
ဆတ်ကနဲထရပ်ပြီး သူ့ကိုရှုတည်တည်ကြည့်လာခါမှ ဒါလေးက ခြင်္သေ့ဆိုးလေးဝမ်ရိပေါ်နဲ့ တူတော့တယ်...
"ပြောပါဦး ဝမ်သခင်လေးရဲ့. အလုပ်များနေတဲ့ကိုယ့်ကို ဒီနေရာအထိအရောက်လာခိုင်းတဲ့ ကိစ္စလေး"
"အဟမ်း"
ကောင်လေးက ချောင်းတချက်ဟန့်ကာ အကြည့်တွေက တောင်လှည့်မြောက်လှည့်နဲ့ တစ်နေရာကို လက်ညိုးထိုးပြပါတယ်..
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...