Unicode;
ရှန်ဟိုင်းရဲ့ မနက်ခင်းတစ်ခုမှာ သတင်းတစ်ခုဟာ စီးပွားရေးလောကမှာ လူပြောများနေလေရဲ့..
ဒါကတော့ ရှောင်းလုပ်ငန်းစု CEO ရှောင်းကျန့်ရဲ့ မင်္ဂလာပွဲသတင်းပဲဖြစ်တယ်။
CEO ရှောင်း လက်ထပ်ယူလိုက်တဲ့ သူဟာ မိန်းကလေးတစ်ယောက်မဟုတ်ပဲ ယောက်ျားလေးတစ်ဦးဖြစ်နေတယ်တဲ့....ရှောင်းGroup ဆိုတာ ကျယ်ပြန်တဲ့ လုပ်ငန်းစုကြီးဖြစ်တယ်.
စားသောက်ကုန်. အဝတ်အထည်. ဆေးဝါးနဲ့ ကုန်တိုက်အစ ဟိုတယ်အဆုံး ရှောင်းGroupနဲ့ လွတ်ကင်းတာ သိပ်မရှိ.
ရှောင်းကျန့်ဟာ ဘယ်လိုလုပ်ငန်းမျိုးမဆို စမ်းသပ်ဖို့ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်တယ်....
လုပ်ငန်းအကျိုးပေးကောင်းလွန်းပြီး အမြဲကြိုမြင်တက်တာမို့ ရှောင်းကျန့် မြုတ်နှံသမျှလုပ်ငန်းတိုင်းဟာ အောင်မြင်သည်ကများသည်။
ဒါကြောင့်မို့လို့ ရှောင်းကျန့်နဲ့ လက်တွဲချင်သူတွေက ခပ်များများရယ်...လိင်တူတရားဝင်လက်ထပ်ခွင့်မပြုတဲ့ နိုင်ငံမှာ ဒီ မဂ်လာသတင်းဟာ ပေါ်တင်ကိုမျက်နှာပြောင်တိုက်သလိုဖြစ်နေပေမဲ့ ဒီလိုနာမည်တစ်လုံးနဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ ရှောင်းကျန့်ဖြစ်နေတာမို့ ဘယ်သူမှ ပြောင်ပြောင်တင်းတင်း မဝေဖန်ရဲ...
မတော်လို့ ပေါက်ကြားသွားပြီး ရှယ်ယာပြန်နုတ်ယူသွားရင် ခက်ရချည်ရဲ့မို့လို့ ပွဲတက်ရောက်တဲ့ လုပ်ငန်းရှင်သူဌေးများက Social media မှာရော အပြင်မှာပါ သတင်းတွေမဖောင်းပွစေရန် ဦးအောင်တားဆီးထားရတယ်။
CEO ရှောင်း ဆိုတာ အမျိုးသမီးများသာမက အချို့သောအမျိုးသားတွေရဲ့ စိတ်ကူးလက်တွဲဖော်ဖြစ်နေတာမို့ သူလက်ထပ်လိုက်တဲ့ ကံထူးရှင်မင်းသားလေးဟာ ဘယ်သူဖြစ်မလဲဆိုတာ အားလုံးက စိတ်ဝင်စားနေကြတယ်။
တစ်ချို့တွေကတော့ ငြင်းဆိုနေကြတုန်းပဲ..
ဘာလို့ဆို မတိုင်ခင်က ကြားနေခဲ့ရတဲ့ သတင်းက ရှောင်းကျန့်လက်ထပ်မဲ့သူဟာ Company ခွဲတစ်ခုက သူဌေးတစ်ယောက်ရဲ့ သမီးမိန်းကလေးဖြစ်တယ်ဆိုတဲ့ သတင်းကိိုရရှိထားကြတာမို့...အဲ့တာကြောင့်မို့ ရှောင်းကျန့်ရဲ့ လက်တွဲဖော် ဘယ်သူဆိုတာ ပွဲတက်သူတွေမှလွဲ ဘယ်သူမှ အတိအကျမပြောနိုင်ကြပေ။
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...