Unicode;
မြို့ပြကြီးရဲ့ညချမ်းက တိုးတက်မှုအရှိန်အဟုန်နဲ့ အမြဲသစ်လွင်တောက်ပနေပေမဲ့ မြင်နေကျမြင်ကွင်း တွေဖြစ်လာတော့ သိပ်ပြီးရိုးအီလာတယ်။
အနီရောင်ဆိုင်းဘုတ်တွေ... အပြာရောင်စာတမ်းတွေ၊ အဝါရောင်မီးတွေနဲ့ အဖြူရောင်အလင်းစက်တွေ... LED ဘုတ်တွေ....မီးပွိုင့်ကမီးရောင်က အစိမ်းရောင်လေး လင်းလာတယ်။
မော်တော်ယာဉ်တွေက ဥပဟိုရွှေ့လျားလျက် ငြိမ်သက်ခြင်းအလျင်းမရှိတဲ့ လမ်းတစ်လျောက်မြင်သမျှမြင်ကွင်းတွေက ကြာလာတာနဲ့အမျှငြီးငွေ့ချင်စရာကောင်းရဲ့...မွန်းကျပ်နေတဲ့စိတ်တို့ ပြေပျောက်လေမလားစိတ်ကူးနဲ့ ကားမှန်ကိုတစ်ဝက်တစ်ပျက်ချကာ လက်တစ်ဖက်ကို အနည်းငယ်အပြင်ထုတ်ရင်း လေထုရဲ့အရသာကိုခံစားမိတော့ အေးစက်နေတဲ့အထိအတွေ့က အလုံးအရင်းတိုးတိုက်တယ်။
သိပ်အေးတာပဲ။
လက်ချောင်းတွေတောင် ထုံကျဉ်သွားတယ်။အော်...... အချိန်ကာလက တစ်ရွေ့ရွေ့နဲ့ကုန်ဆုံးရင်း မြူနှင်းတို့ရောစွက်တဲ့ဆောင်းကာလလယ်ကို ရောက်ရှိလာပြီပဲ....
နှင်းပွင့်လွာတစ်စနှစ်စ သူ့လက်ပေါ်ကို ကျဆင်းလာတယ်။
အချိန်တွေကုန်တာ သိပ်မြန်သားပဲ...
အဖြစ်အပျက်တွေကလည်း သိပ်များတယ်။အပန်းရောင်ကားလေးက လမ်းကြောငယ်တစ်ခုထဲချိုးကွေ့ဝင်လိုက်တဲ့အခါ လမ်းဘေးပလပ်ဖောင်းပေါ်ကလူ့အချို့နဲ့အတူ အငွေ့တစ်ထောင်းထောင်းထနေတဲ့ စားသောက်ဆိုင်ငယ်လေးတွေတွေ့ရတယ်။
အေးစက်နေတဲ့ ရာသီဥတုမှာ ပူပူနွေးနွေးအစားအသောက်တစ်ခုခုက နှလုံးသားတစ်ခုကို အရည်ပျော်စေလောက်မှာသေချာရဲ့...
ကားမှန်ကိုချလိုက်တော့ အသားပြုတ်ရည်အနံ့လေးက နှာခေါင်းထဲတိုးဝင်လာတယ်။
ဒီအနံကို သူမှတ်မိတယ်။
ဒါက ဂျုံလုံးအသားလွာခေါက်ဆွဲပဲ...
အဲ့ဒီဆိုင်က ဝက်သားကပ်သလိပ်နဲ့ ချိုချဉ်ကြော်ကလည်း သိပ်အရသာရှိတာ...
ဆိုင်ပိုင်ရှင်အဒေါ်ကြီးကလည်း သိပ်သဘောကောင်းတယ်..
အမြဲလိုလို တိုဟူးပျော့ပူပူတစ်ပွဲအလကားကျွေးတက်တာ...သူတစ်ချက်ပြုံးလိုက်ပြီး ကျိရန်ကို ကားရပ်ပေးဖို့ပြောလိုက်တယ်။
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...