Unicode;
မိုင်ယာမီ..... ဖလော်ရီဒါပြည်နယ်ရဲ့ လှပတဲ့မြို့...
ခပ်နွေးနွေးရာသီဥတုနဲ့ ဖလော်ရီဒါကနေလို့ကောင်းတဲ့ ဒေသတစ်ခုဖြစ်တယ်....
ရှည်လျားတဲ့ရေကြောင်းလမ်းတွေ၊ တံတားတွေနဲ့ ကျယ်ပြန့်ပြန့်မြေပြင်အနေအထားတွေဟာ ဖလော်ရီဒါရဲ့ပြယုဒ်တစ်ခု...
ဂေဟစနစ်သိပ်ကောင်းတဲ့ ဒီဒေသရဲ့လေထုဟာ လတ်ဆတ်သန့်ရှင်းမှုတွေအပြည့်နဲ့ဖြစ်ပြီး မိုင်ပေါင်းများစွာရှည်လျားတဲ့ အဖြူရောင်သဲသောင်ပြင်တွေကတော့ မိုင်ယာမီရဲ့ဆွဲဆောင်မှုတစ်မျိုးပဲဖြစ်တယ်။မိုင်ယာမီရဲ့ အဖြူရောင်ကမ်းခြေက သိပ်လှတယ်။
ကြည်ပြာနေတဲ့ရေပြင်နဲ့ လေထုကို မြင်လျင်မြင်ချင်းမှာပဲ ညနေဘက်လိုအချိန်မျိုးတွေဆိုရင် ရှောင်းကျန့်နဲ့အတူ ခွေးလေးတစ်ကောင်ကြိုးဆွဲလို့ သဲသောင်ပြင်ကျယ်ထက် လမ်းလျောက်ထွက်ရရင်ကောင်းမယ်လို့ တွေးမိတယ်။
ပင်လယ်ပြင်နောက်ခံမှာ လေတစ်ဖြူးဖြူးခြံရံမယ့် ရှောင်းကျန့်ရဲ့ဆံနွယ်တွေ ဘယ်လိုယိမ်းနွဲ့နေမလဲဆိုတာ မြင်တွေ့ချင်မိရဲ့...
ဘယ်လောက်တောင် ခန့်ညားလန်းဆန်းနေလိမ့်မလဲ....
အင်း.... စဥ်းစားကြည့်ရင်တောင် သဘောကျတယ်။သိပ်တော်တဲ့ရှောင်းကျန့်က တစ်ခါတစ်လေမှာကျ အရူးလိုတုံးအနေတက်သေးတယ်။
ဟိုတယ်check in လုပ်တာ အခန်းနှစ်ခန်းယူမလို့ဆိုပဲ...
သူကလည်း တခြားဘယ်သူပါသေးလို့လည်း ရှာကြည့်ပေမဲ့ ဘုရားစူး သေချာပေါက်ကို နှစ်ယောက်တည်းလာတာ သေချာနေတာလေ...
ဒီလူ ရူးကြောင်ကြောင်နဲ့..."မဟုတ်ဘူး မဟုတ်ဘူး..... တစ်ခန်းပဲယူမယ် တစ်ခန်းပဲ..."
သူကဒီလို၀င်ပြောတော့ ဧည့်ကြိုအမျိုးသမီးက ထူးဆန်းတဲ့အကြည့်နဲ့ကြည့်တာခံလိုက်ရသေးတယ်။
စိတ်ပေါက်ပေါက်နဲ့ သူ့လက်နဲ့ ရှောင်းကျန့်ဘယ်ဘက်လက်ကိုဆွဲပြီး လက်ထပ်လက်စွပ်ကိုထောင်ပြလိုက်တော့မှ တောင်းပန်ပါတယ်ဟုဆိုကာ အခန်းသော့ထုတ်ပေးလာရဲ့..ဟိုတယ်အခန်းဆီသွားတဲ့လမ်းရောက်မှ အဲ့ဒီရှောင်းကျန့်က မကြာခင်တုန်းက ငတုံးလုပ်နေခဲ့တာ သူ,မဟုတ်တဲ့အတိုင်း သောက်ရှက်မရှိမျက်နှာရူးပါတယ်။
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...