Unicode;
မတ်လရဲ့ တစ်ခုသောမနက်ခင်းလေး..
ထွန်းတောက်စနေရောင်က ဒီမနက်မှာ ကွယ်စရာတိမ်လည်းမရှိတာမို့ ကြည်လင်ရွင်ပြစွာနဲ့ တစ်လောကလုံးကို ဖြန့်ကျက်လို့နေတယ်...
ရှန်ဟိုင်းရဲ့ လူကုံထံရပ်ကွက်ကြီးက အထပ်မြင့်တိုက်တာတွေနဲ့ကျပ်သပ်နေတဲ့ Urban ဧရိယာနဲ့ယှဥ်ရင် သိပ်ပြီးတိတ်ဆိတ်အေးချမ်းတယ်...
လမ်းမကျယ်ကြီးတွေ... ကာရံထားတဲ့အုတ်တံတိုင်းမြင့်ကြီးတွေ... ဧရိယာရှည်လျားတဲ့မြေဧကတွေဟာ ဒီနယ်မြေရဲ့ကြွယ်ဝမှုပြယုဒ်တွေပဲဖြစ်တယ်..ရပ်ကွက်ရဲ့ အရှေ့ဘက်ခြမ်းဆီက ဧကအတော်အတန်ကျယ်တဲ့ ခြံဝန်းကြီးထဲက စိမ်းမြမြအစီအရီအပင်ကြီးငယ်အချို့...
လေတစ်ချက်အဝှေ့မှာ အကိုင်းအခတ်လေးတွေ လှုပ်ခါတယ်...
အိမ်မကြီးအထိဆို လမ်းလေးကရှည်တာမို့ ခရီးမဆုံးသေးတဲ့လေပြေတွေဟာ ခြံထဲက အိမ်ကြီးဆီကို ကတိုက်ကရိုက်ပြေးလို့ အိမ်ကြီးရဲ့ဘေးနားကရေကူးကန်ငယ်လေးကို လှိုင်းကြက်ခွပ်လေးတွေဖြစ်ပေါ်စေတယ်...ခန်းနားတဲ့ အိမ်ကြီးး....
နေရောင်အောက်မှာ မားမတ်စွာတည်ရှိနေတဲ့ အိမ်ကြီးက ထည်ထည်ဝါဝါပင်...
အစိမ်းရောင်မြက်ခင်းပြင်ရဲ့ကြား ကျည်ကာမှန်နံရံတွေနဲ့ အဆင့်မြင့်စွာ ခေါတ်မှီလှပစွာ တည်ဆောက်ထားတယ်...
ရာသီဥတုသာယာနေတာကြောင့် ပတ်ဝန်းကျင်ကလင်းလက်ကျော့ရှင်းလို့နေပြီး အိမ်ကြီးရဲ့အသီးသီးသော အလုပ်သမားများက တက်ကြွလန်းဆန်းခြင်းများနှင့် လှုပ်ရှားလို့နေတယ်...အိမ်ကြီးရဲ့ ပတ်ဝန်းကျင်က အသက်ဝင်နေသလောက် အခန်းတစ်ခုကတော့ အပြင်လောကနဲ့ ဆန့်ကျင်စွာ တည်ရှိလို့နေရဲ့...
မနက်ခင်းနေရောင်က အဆိုပါအခန်းထဲအလုအယက်တိုးဝင်ချင်သော်ငြား ပြတင်းတခါးတွေဆီက မီးခိုးရောင်လိုက်ကာစတွေက အထပ်ထပ်ဟန့်တားနေတယ်...
အခန်းထဲမှာတော့ တစ်စွန်းတစသော အလင်းပြောက်လေးတွေက အားနည်းစွာကျရောက်လျက်...
တစ်ခန်းလုံး မှောင်နေသည်တော့ မဟုတ်...
လျပ်စစ်မီးသီးရဲ့ အလင်းရောင်တွေက နေ့ညခွဲခြားဖို့ ခက်ခဲနေခြင်းပင်..မီးခိုးရောင်နှစ်ယောက်အိပ်ကုတင်ကြီးပေါ်မှာတော့ ဖြူဥနေတာပဲလို့ ပြောလို့ရတဲ့ ပါးမို့ဖောင်းဖောင်း ကောင်လေးတစ်ယောက်ရှိတယ်...
မျက်နှာတစ်ခြမ်းကို မွေ့ရာနဲ့ကပ်လို့ အိပ်ပျော်နေပုံက တကယ့်ကို ချစ်စဖွယ်..
ခြေတွေလက်တွေက ကိုးယို့ကားယား... လက်ချောင်းလေးတွေဆီက ဒဏ်ရာငယ်လေးတွေကတော့ အနီစက်လေးတွေအဖြစ် ကျန်ရှိလို့နေတယ်...
ဘေးနားမှာနားကြပ်တစ်ခုနဲ့ ဖွင့်လျက်သားဖုန်းလေးက အားကုန်ကြောင်း အချက်ပြနေတာတောင် ကောင်လေးက နိုးမလာသေးးး
.
.
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...