100%. Sixteen.

4.8K 420 32
                                    

Unicode;

"JC ဘက်က ဒီတစ်ခါ ဒီဇိုင်နာတွေစုပေါင်းပြီး အထူးပွဲလုပ်ဖို့ရှိတယ်တဲ့ကွ... ဒီဇိုင်နာတစ်ယောက်ကို တစ်ရက်နှုန်းနဲ့ စုစုပေါင်း ခုနှစ်ရက်လုပ်မှာ.... အဲ့တာ မင်းကို ပင်တိုင်မော်ဒယ်အဖြစ် ကမ်းလှမ်းနေတယ်.. တကယ်လို့ မင်းလက်ခံရင် ဒီခုနှစ်ရက်လုံး မင်း Schedule ရှိမယ်တဲ့ ..."

"ဟေ့ကောင်.. ဒီတစ်ခါ အချီကြီးရမှာကွ... ပြီးတော့ တစ်စုတည်း အဆက်အသွယ်တွေလည်း ပိုရနိုင်တယ်.. ဘယ်လိုလဲ လက်ခံလိုက်မလား"

ကျိရန်က mail တွေစစ်ပြီး အားတက်သရောပြောလာတယ်။
သူကတော့ ပြောင်ရှင်းနေတဲ့ မျက်နှာကျက်ကိုသာ စိတ်ဝင်စားစရာအပြည့်နဲ့ ငေးကောင်းတုန်း...

"ကြိုက်သလိုသာလုပ်"

"ဟေ့.. ဒါမင်းအလုပ်နော် အာရုံလေးစိုက်စမ်းပါ.. အရာရာငါကပဲ လိုက်ဆုံးဖြတ်နေရအောင် မင်းအဖေမဟုတ်ဘူး"

"အဖေတော့ မဟုတ်ဘူး... မင်းက ငါ့ရဲ့ နာနီပျာတာလေ.."

"ွေးကောင်"

ကျိရန်က ပြောရင်း သူ့ကိုတစ်ချက်ကန်တယ်။
သူ အခုမှ ရယ်မောမိတာပဲ..

ပြောရရင် သူ့မန်နေဂျာလို့တောင်ပြောလို့ရတဲ့အထိ သူ့အလုပ်ကိစ္စတွေဆိုရင် ဒီကောင်နဲ့ပဲ ဆက်သွယ်ဖြစ်တယ်။
အရင်ကတည်းက တစ်ကိုယ်တော်လှုပ်ရှားတာဆိုပေမဲ့ ဝန်ခံရမှာက ကျိရန်မရှိရင် သူအဆင်မပြေဘူး...

သူက မော်ဒယ်တစ်ယောက်ပီပီ catwalk လျောက်တာတို့ ပိုစ့်ပေးတာတို့ fashion တစ်ခုပေါ်လွင်အောင်ဘယ်လိုချပြတာတို့ ဆိုတဲ့အရာတွေမှာသာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းတာ..
ပေါင်းသင်းဆက်ဆံရေးနဲ့ အချိန်ဇယားတွေ၊ အလုပ်အနေအထားရွေးချယ်မှု၊ စီမံမှုတွေဆို အားနည်းတယ်။
တစ်ခါတစ်လေမှာ ပွဲစီစဉ်သူနဲ့ ဒီဇိုင်နာ၊ ပရိုဂျူဆာတို့ အဆင်မပြေရင် ရှိုးမော်ဒယ်ဖြစ်တဲ့သူတို့က အရမ်းအခက်ခဲဖြစ်ရပြီး တစ်ခါတစ်လေ လုပ်သာလုပ်လိုက်ရတာ ငွေမရတဲ့အထိတောင် ရှိတက်တယ်။
တစ်ခါတစ်လေ နောက်ကြောင်းမရှင်းတဲ့ဖြစ်ရပ်တွေ..
တစ်ခါတစ်လေ စင်အစ မိတ်ကပ်အဆုံး လက်လွတ်စပယ်လုပ်တက်တဲ့ပေါ့ပျက်ပျက် ဒီဇိုင်နာတွေ..
တစ်ခါတစ်လေ လူကိုထိခိုက်သည်အထိ ဖိအားပေးချင်တဲ့ စီးပွားရေးသမားတွေ... စသဖြင့်...
ဒီလိုအချိန်ဆိုရင် တာဝန်ခံမရှိတဲ့ မော်ဒယ်တွေက မျက်နှာငယ်ရတယ်...

100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||Where stories live. Discover now