100%. Thirty one.

4.3K 364 30
                                    

Unicode;

ပင်လယ်ပြင်ကြီးက သိပ်လှပါတယ်။
နေပူပူကောင်းကင်အောက်မှာ အပြာရောင်တွေက လွမ်းခြုံလို့...
အနီးဝန်းကျင်မှာ လင်းပိုင်လေးတွေကလည်း အဖော်ပြုလို့ ကူးခတ်ပေးနေတယ်။
သဘာဝတရားကြီးရဲ့ အနှစ်သာရက ဒီနေရာမှာ အပြည့်ပဲမို့ ပင်လယ်သတ္တဝါတွေဆိုတာကလည်း နေရာတိုင်းမှာ မြင်ရဖို့ မခက်ခဲဘူး...

လှေမောင်းသမားပါတာကလည်း ပိုကောင်းပါတယ်လေ..
ရှောင်းကျန့်သာ လှေမောင်းနေရရင် ဒီလောက်လှတဲ့နေရာကြီးမှာ တစ်ယောက်တည်းပတ်ကြည့်နေရမှာ...

"ရိပေါ်... ဒီကိုတစ်ချက်ကြည့်"

ရှောင်းကျန့်က ရိပေါ် ဖျက်ကနဲ လှည့်လာတဲ့အခိုက်မှာ ဓာတ်ပုံလှမ်းရိုက်လိုက်တယ်။
အပြာရောင် နောက်ခံနဲ့ ကြည်ပြာရောင် ကောင်ကလေး..
နေရောင်အောက်မှာ ကောင်ကလေးအပြုံးတွေက သိပ်ပြီးဖြူစင်တယ်။

ခရီးချိန် ဒီသုံးလေးနာရီက ပျင်းစရာကောင်းတယ် ထင်ရပေမဲ့ သူတို့အတွက်တော့ မဟုတ်ဘူး..
လူတွေက ချစ်လာကြရင် ပြောစရာစကားလည်း များလာကြတယ်တဲ့...
ကုန်းပတ်ပေါ် အနားယူရင်း ကောင်းကင်ပြာတယ်ကအစ ပင်လယ်ရေငန်တယ်ဆိုတာအထိ သူတို့ကြား ပြောစရာ၊ငြင်းခုန်စရာစကား သိပ်များပါတယ်။
ဒီအကြောင်းအရာတွေထဲ သူတို့ရဲ့ ကိုယ်စီစိတ်ရှုပ်စရာတွေကိုတော့ ခဏဘေးဖယ်ထားရဲ့...

"သူတို့တွေလို ရေငုတ်ချင်တယ်..."

သိပ်လှတဲ့ Bahamas ကျွန်းပေါ်ရောက်ကတည်းက အားတက်သရောပြောတဲ့ စကားတစ်ခွန်းက ဒါပဲ...

အိုကေ...

ရှောင်းကျန့်က ရေမငုတ်နိုင်တာမို့ resort မှာပဲ စာဖတ်ရင်း ထိုင်စောင့်တယ်။
စိတ်မပူရပါဘူး.. Guide ပါတယ်လေ...
လိုက်စိတ်ပူနေရင်လည်း အဲ့ဒီကိုယ်တော်လေးက မကြိုက်ဘူး..

အရမ်းကြီးတော့ မကြာပါဘူး...
ပြန်ရောက်လာတော့ ငါးအချို့နဲ့ ပုဏန်းပုစွန်အနည်းငယ် ပါလာတယ်။ ဖမ်းလို့ရလာတာ ဆိုပဲ...
ဒီလိုလည်း ဖြစ်တာပဲလား...

ရှောင်းကျန့် အပြုံးကြီးနဲ့ ဂုဏ်ဆာတယ်။
ရှောင်းကျန့်ကလေးလေးက အဲ့လိုပဲ.. တော်တာ​တွေများတယ်။

100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||Where stories live. Discover now