Unicode;
တကယ်ပဲ အခက်အခဲတွေရှိနေတာကြောင့်ဆိုရင် နားလည်ပေးဖို့တွေးထားတဲ့ စိတ်ကူးတွေဟာ ကျိယန်စုံစမ်းလာတဲ့ သတင်းအောက်မှာ ကြွေလွင့်သွားတယ်..
"လက်ထပ်လက်စွပ်ပါ မချန်ဘူး"
"............"
သူ့ရှေ့က စာရွက်တွေကို ယူကြည့်လိုက်တယ်..
ကျိယန်ဘယ်လိုအရည်အချင်းတွေနဲ့ရှာလာပေးမှန်းမသိတဲ့ ပြေစာနဲ့ စာရင်းCopy တွေထဲမှာ သူတို့စီစဉ်ထားတဲ့ အသုံးအဆောင်ပရိဘောဂက အစ လက်စွပ်ပါမကျန် အားလုံးပြန်သွင်းပြီး ငွေထုတ်ထားတဲ့ အချက်အလက်တွေအများအပြား..."ဒီလောက် လုပ်နိုင်လိမ့်မယ် မထင်ထားဘူးကွာ..
ငါတကယ် အံ့သြလွန်းလို့.. ဘာရည်ရွယ်ချက်ကြောင့်များ မင်းကို ဒီလောက်ထိ လှည့်စားရက်ရတာလဲ"သူ့စိတ်အာရုံတွေ လေထဲလွင့်နေသလိုခံစားနေရတယ်..
ဘယ်ရောက်လို့ရောက်နေမှန်းလဲမသိ...
သူ့မျက်စိရှေ့က ဂဏန်းတွေကိုလည်း မြင်တချက် မမြင်တချက်...
ဒါဟာ အစစ်အမှန်ဖြစ်ပါတယ်ဆိုတာကို ယုံလို့မရဘူးဖြစ်နေတယ်...
သူမက အမြဲပြုံးနေတက်တယ်..
မောင့်ကို ချစ်ပါတယ် ဆိုတဲ့စကားကို မကြာခဏပြောလေ့ရှိတယ်.. သူ့ကို ဂရုစိုက်တက်ပြီး အကောင်းဆုံးဆိုတဲ့ အပြုအမူတွေကိုသာ မြင်စေခဲ့သူဖြစ်တယ်...
ဒီလိုကောင်းမွန်တဲ့ လူတစ်ယောက်ဟာ သူ့အပေါ်ဒီလောက်ထိ လုပ်လိမ့်မယ်လို့ မယုံနိုင်ဘူး.."လက်စွပ်လေးတစ်ကွင်းတောင် မချန်ခဲ့ဘူး" တဲ့လား
လက်ထပ်လက်စွပ် သွားလုပ်တဲ့အချိန် သူပြောခဲ့တယ်..
"ဒီလက်စွပ်က မောင်တို့ရဲ့ အပြန်အလှန်မြတ်နိုးခြင်းသက်သေပဲ"
အဲ့ဒီအချိန်တုန်းက သူမဟာ ဒီလက်စွပ်တွေကို သဘောကျခြင်းကြီးစွာနဲ့ ပြုံးရယ်ရင်း အကြာကြီးကြည့်နေခဲ့သေးတယ်။
အဲ့ဒီမြင်ကွင်းကို သူဘယ်လောက်ထိတောင် သဘောကျခဲ့လိုက်သလဲ..
သူမ စိတ်ထဲတွေးနေတဲ့အတွေးတွေကို သူနည်းနည်းလေးတောင် မရိပ်မိခဲ့....သူဟာ တကယ့် ငတုံး..တကယ့်အရူးပဲ..
ကျိရန်တောင် ဒီလောက်ထိ မခံထိမခံသာဖြစ်နေတာ သူဆိုရင် ဘာဖြစ်နေသင့်သလဲ..
ဒေါသထွက်ရမှာလား.... ခံပြင်းရမှာလား....
အဲ့တာက သူမကိုလား သူ့ကိုယ်သူကိုလား...
အိပ်မက်,မက်သလို ကြောင်တောင်တောင် ဖြစ်နေတုန်း..
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...