Unicode;
ရက်သတ္တပတ်တွေက ထပ်ပြီး ကုန်ဆုံးပြန်ပါတယ်။
အစဉ်တစ်စိုက်လည်ပတ်နေတဲ့ ရက်စွဲတွေက ရပ်တန့်မသွားသလို ဆင့်ကဲဖြစ်စဉ်တွေဟာလည်း ဆက်ပြီးဖြစ်ပွားနေဆဲပဲ...
ဝမ်ရိပေါ်ရဲ့ သွားလမ်းလာလမ်းတွေဟာ အနည်းနဲ့အများတော့ ရှောင်တိမ်းနေရဆဲပဲ...
အရင်လို့အခြေအနေမျိုးတော့ မဟုတ်ဘူး...အထွေအထူးမဟုတ်လောက်ဘူးထင်ထားခဲ့ပေမဲ့ တစ်ချို့ လူတွေရဲ့စိတ်က သိပ်ပြီးခန့်မှန်းရခက်အောင် အစွဲအလမ်းကြီးတက်ပါတယ်။
"ဝမ်ရိပေါ်!!!!! ငါတို့ဒါကိုလက်မခံနိုင်ဘူး.."
"ငါတို့က မင်းရဲ့ အမာခံပရိသတ်တွေပဲ.. ငါတို့စိတ်ပျက်အောင် မလုပ်သင့်ဘူး.."
"မင်းအတွက် အချိန်ပေးခဲ့တာတွေ အားပေးခဲ့တာတွေက အလကားပဲ..."
"ဝမ်ရိပေါ်... ပြန်လာခဲ့..."
သူအဆောက်အဦးထဲမဝင်ခင် အပြင်ဘက်မှာ အော်ဟစ်နေတဲ့ လူငယ်တစ်သိုက်ကို မသိမသာလှည့်ကြည့်မိတယ်...
လှုံခြုံရေးတွေကတော့ သူတို့ကိုတားဆီးနေတာတွေ့ရတယ်။
တစ်နေ့တစ်ခြားတော့ လူတွေလျော့လာတာပဲ...
သူ့ကို တစ်စတစ်စ စိတ်ပျက်သွားလောက်ပြီထင်ပါရဲ့...အစပိုင်းတုန်းကတော့ ဒါဟာ ဘာမှမဟုတ်ဘူးလို့ တွေးခဲ့ပေမဲ့ တကယ်တမ်းလက်တွေ့ကြုံလာတော့ အဆင်ပြေနေတယ်ပြောရင် လိမ်ရာကျပါလိမ့်မယ်။
သူ့ကိုဝေဖန်ဆန့်ကျင်တဲ့သူတွေ ပိုများလာတယ်လေ... အပြင်မှာရော Social media မှာရောပဲ...ဒီအဖြစ်တွေရဲ့ အကြောင်းအရင်းက သူနဲ့ရှောင်းကျန့်ရဲ့ပတ်သတ်မှုဟာ သတင်းအဖြစ် ပျံ့နှံ့ကုန်လို့ဖြစ်တယ်။
ဘယ်ကနေဘယ်လိုစတင်တယ်မသိပေမဲ့ မနက်ခင်းတစ်ခုနိုးလာတဲ့အချိန်မှာပဲ သူတို့သတင်းက online ပေါ်မှာ ပွထနေပြီ။
အတိအလင်းမထုတ်ဖော်ရသေးပေမဲ့ အမှန်တရားလည်းဖြစ်ပြန်တာမို့ သူ့ဘက်ကငြင်းဆိုခြင်းမရှိခဲ့ဘူး...အဲ့ဒီကနေ ဒီလိုတိုက်ခိုက်မှုတွေက စတင်တော့တာပဲ...
Online ပေါ်က မချေမငံရည်ညွှန်းမှုတွေအပြင် ဒီလိုအပြင်မှာ လာရောက်တွန်းတိုက်မှုတွေကလည်း နေ့စဉ်ပါပဲ...
လူအများကြီးမဟုတ်ပေမဲ့ အနည်းနဲ့အများတွေအရေအတွက်ရှိနေတာပါပဲ...
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...