Special 🍬
Unicode ;
ပဲပင်ပေါက်ထိုင်ခြွေနေတဲ့ရန်ကူးရဲ့အနား ဝမ်ရိပေါ်တစ်ယောက်မေးထောက်ထိုင်ရင်း ရောက်တက်ရာရာမေးနေတဲ့ စကားလုံးတွေက တောင်စဉ်ရေမရ...
ဒါပေမဲ့ သေချာတာတစ်ခုက စကားဆယ်ခွန်းမှာ ဆယ်ခွန်းက လူတစ်ယောက်ကို အခြေခံပြီးဖြစ်လာတဲ့ အကြောင်းအရာတွေပဲဖြစ်တယ်။
"လူတစ်ယောက် အားရှိဖို့ ဘာတွေစားဖို့ လိုအပ်သလဲ.."
ရန်ကူးကတော့ သိသလောက် ဖြေပေးရှာပါတယ်။ တစ်ခါတစ်လေမှာ စကားလုံးတွေက သူမ,တောင် နားမလည်ဘူးရယ်..
"တစ်ခုခုကိုကျွမ်းကျင်ဖို့ ဘယ်နှစ်ကြိမ်လောက် လေ့ကျင့်ရင်ရမလဲ... တကယ်လို့ ကျွမ်းကျင်ပြီးသားဆိုရင်ရော ဘယ်လောက်တောင် ကြုံတွေ့ခဲ့ဖူးပြီးတာများလဲ.."
ရန်ကူး စဉ်းစားရတယ်။
ဘာကို ကျွမ်းကျင်ချင်ပြီး ဘယ်လိုမျိုးအတွေ့အကြုံကိုပြောတာတုန်း...
ဟင်းချက်တာဆိုရင် ကြာလာလေလေ လက်ရာကောင်းလာနိုင်ပေမဲ့ လျော်ဖွတ်တာတို့ အိမ်သန့်ရှင်းရေးတို့ဆိုရင် ဘယ်လောက်လုပ်လုပ် လွယ်ကူလာတယ်ကို မရှိဘူးလေ..."တကယ်လို့.... တကယ်လို့ပေါ့နော်.... လူတစ်ယောက်က အမြဲမလုပ်တက်တဲ့ ထူးထူးဆန်းဆန်းအမူအရာကြီးတွေဖြစ်ပြီး ထထရယ်ပြီး အားကလည်းရှိသွားတယ်... လူကိုလိုက်ကပ်ပြီး ပြုံးပြီးစိုက်စိုက်ကြည့်နေတာမျိုးဆိုရင်လေ အဲ့တာ ဘာဖြစ်နိုင်တာလဲဟင်.."
ဝမ်ရိပေါ်စကားအဆုံး ရန်ကူးလန့်သွားတယ်။
"သခင်လေးရဲ့... အဲ့လိုသာဆိုရင် ဘယ်ဖြစ်မလဲ... အဲ့ဒီလူက ရိုးရောရိုးရဲ့လား"
ရန်ကူးရဲ့စကားမှာ ဝမ်ရိပေါ်မျက်လုံးတွေ လက်ကနဲ..
"ဟုတ်တယ်မလား... မရိုးသားဘူးမလား.."
"သခင်လေး အဲ့လိုသာဆို ဝေးဝေးရှောင်မှရမယ်ထင်တယ်"
ရှောင်ရမယ် ???
"ဘာလို့လဲ"
"ဟုတ်တယ်လေ.. သခင်လေးပြောတဲ့အတိုင်းသာဆို အဲ့တာအပမှီနေတာပဲ ဖြစ်ရမယ်... ဒါက ကြောက်ဖို့ကောင်းတယ်နော်... "
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...