Unicode;
ညဘက်လေက အေးတယ်..
လူခြေပြတ်လပ်ခြင်းမရှိတဲ့ ရှန်ဟိုင်းရဲ့မြို့လည်ခေါင်က ဆူညံလင်းလက်လို့ စည်ကားလျက်ပါပဲ...
လမ်းမကြီးက နေ့လည်ဘက်လောက်မရှုပ်တော့တာမို့ ဆိုင်ကယ်မောင်းရတာ အဟန့်အတားမရှိပဲ လွပ်လွပ်လပ်လပ် ခြေဆန့်နိုင်တယ်။
တိုးဝင်လာတဲ့လေအေးတွေက မွန်းကျပ်မှုတွေကို သယ်ယူသွားလေရဲ့...
ဒီလိုအချိန်ဆို သူက အားလုံးကို မေ့ထားနိုင်တယ်။
ဘာကိုမှမတွေးပဲ မိုင်ကုန်မောင်းနှင်ရင်း စိတ်ရဲ့အလေးအပင်တွေကို လွတ်ချလိုက်တဲ့အခါ ပေါ့ပါးခြင်းရဲ့အရသာကို အပြည့်အဝ ခံစားနိုင်တယ်။
ဒါက သူ့ရဲ့ ပျော်ရွှင်ခြင်းတစ်ခုပဲဖြစ်တယ်..ဝမ်ရိပေါ်က ဘာကိုမှဆန္ဒမရှိဘူး...
ဘာလို့ဆို လက်ရှိမှာ ပြည့်စုံနေတာမို့...
သူ့စိတ်တိုင်းကျ လီဗာကိုဆွဲရင်း လေဟုန်ခွင်းနေတဲ့အချိန်မှာ အနောက်မှာသူ့ခါးကိုညစ်ပြီးအော်ဟစ်နေတဲ့ လူကြီးတစ်ယောက်ရဲ့ အသံကိုကြားနေရတာမို့လေ.."ဟားးးး ဖြေးဖြေးမောင်းလေ ဟေ့ကောင်!!!!"
သူတစ်ချက်ပြုံးလိုက်ပြီး လီဗာကို အရှိန်တင်လိုက်ပြန်တယ်...
"ဝမ်ရိပေါ်..မင်းကန်းနေလား... အရှိန်လျော့လို့ပြောနေတယ်...နှစ်ယောက်လုံးမသာပေါ်ကုန်မယ်ကွ.."
"ဝမ်ရိပေါ်!!!!!!!"
ရှောင်းကျန့်ဆီမှာလည်း တစ်ဖက်ခြမ်းရှိတယ်။
အရမ်းတည်ငြိမ်ပြီး သိက္ခာရှိတယ်ထင်ရပေမဲ့ သူ့ရှေ့မှာဆို ရှောင်းကျန့်က စကားကို စိတ်တိုင်းကျပြောလေ့ရှိတယ်...
သူ့ကိုစနောက်တာဖြစ်ဖြစ်... ဆွဲဆောင်တာဖြစ်ဖြစ်... အခုလို လူကြီးမဆန်တဲ့ အပြောအဆိုတွေ အမူအရာတွေဖြစ်ဖြစ်... သူ့ကို ကွယ်ဝှက်လေ့မရှိဘူး...သူ့အမြင်ပြောရရင် ရှောင်းကျန့်ဆိုတဲ့လူကလည်း လုပ်ငန်းတာဝန်တွေထဲမှာ ဘဝကို လှောင်ပိတ်နေတာ..
အခုလို လွပ်လပ်တဲ့အချိန် ရှိမှာတဲ့လား.."ကျွန်တော် ခင်ဗျားကို တစ်နေရာခေါ်သွားမယ်.."
အရှိန်တင်လိုက်တဲ့အချိန် ကိုက်ညီစွာထွက်ပေါ်လာတဲ့ရှောင်းကျန်ရဲ့အော်သံက သူ့ကို ပိုပြီးတက်ကြွစေသလိုပဲ...
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...