100%. Fourty (Final)

6.7K 427 31
                                    

Unicode;

"ဒီနေရာမှာ လက်ကိုမမြောက်ပဲ ဘေးတိုက်လှုပ်ရှားရင် ပိုလိုက်ဖက်မှာကို..."

"ဒီကကွက်က သီချင်းနဲ့မကိုက်ဘူး..."

ကုတင်ခေါင်းရင်းကိုမှီထိုင်ပြီး အကပြိုင်ပွဲvideo တစ်ခုကိုကြည့်ရင်း ဝမ်ရိပေါ်အားမလိုအားမရဖြစ်လို့နေရဲ့..

"ခိုးချနေတာပဲ.."

အခန်းထဲရှောင်းကျန့်ဝင်လာပြီး သူ့ကိုရပ်ကြည့်နေတာတောင် အာရုံမရတဲ့အထိ သူအဲ့ဒီအစီအစဉ်ကို စိတ်ဝင်တစားဖြစ်နေတာ..
ရှောင်းကျန့်က ဘာမှမပြောပဲ သူ့ဘေးမှာနေရာဝင်ယူလိုက်ပြီး သူ့ကိုရင်ခွင်ထဲမှီစေ၍အစီအစဉ်ကို လိုက်ကြည့်ပေးတယ်။
သူ့လိုဘာမှတ်ချက်ကိုမှလည်း မပေးသလို ဘာမှလည်းဝင်မနှောက်ယှက်ဘူး...
သူ့ရဲ့စကားလုံးတွေကိုသာ နားထောင်နေပေးရဲ့..

"ဝမ်ရိပေါ်က တကယ်တော်တာပဲ... ဒါတွေအကုန်နားလည်တယ်.."

Video အဆုံးသတ်သွားတဲ့အချိန် ထွက်ပေါ်လာတဲ့မှတ်ချက်က အစီအစဉ်နဲ့မသက်ဆိုင်တဲ့ သူ့ကိုချီးကျူးတဲ့စကားလုံးသာဖြစ်တယ်။
ဒီလူက သူ့ကို နာမ်စားအမျိုးမျိုးနဲ့ စိတ်ရှိသလိုခေါ်ဝေါ်တက်ပေမဲ့ အမှန်အကန်သဘောထားတဲ့အချိန်မျိုးဆို ဝမ်ရိပေါ်ဟူ၍အပြည့်အစုံခေါ်လေ့ရှိတယ်။
ဒါကိုသူက သိပ်ပြီးစိတ်ကျေနပ်ရတယ်။

"ကျွန်တော်စိတ်ဝင်စားတဲ့အရာပဲလေ.."

"ကိုယ်သိချင်တာရှိတယ်... မင်းအတွက် ဘယ်လိုအချိန်က ပျော်ရွှင်စေလဲဆိုတာ.."

ရှောင်းကျန့်မေးခွန်းအဆုံး သူ့အတွေးတွေတစ်ရိပ်ဖြတ်ပြေးတယ်။

အင်း.... ပျော်ရွှင်စေတဲ့အချိန်....

မိန်းကလေးတစ်ယောက်ရဲ့အပြုံးကို မြင်ခဲ့ရတဲ့အချိန်ရှိဖူးတယ်...
သူစင်ပေါ်မှာဝံ့ဝံ့ကြွားကြွားလမ်းလျောက်နေတဲ့အချိန်....
ကင်မရာရှေ့မှာတောက်ပနေတဲ့အချိန်တွေ....

ပြီးတော့ ရှောင်းကျန့် မနက်စာစားပွဲမှာ သူ့အတွက် ပြင်ဆင်ပေးတဲ့အချိန်...
အမိုးဖွင့်ဘတ်စ်ကားပေါ် ရှောင်းကျန့်သူ့ပုခုံးပေါ်မှီကျလာတဲ့အချိန်...
လေမိုးတွေကြီးလို့ မှောင်မဲနေတဲ့ညထဲ ရှောင်းကျန့်အခန်းတံခါး ပွင့်အာလာတဲ့အချိန်...
သူဝယ်ပေးတဲ့ ငါးပေါင်မုန့်ကို ရှောင်းကျန့်အားရပါးရစားတဲ့အချိန်...
ဖလော်ရီဒါရဲ့ နေဝင်ချိန်ညနေခင်းမှာ လက်နှစ်ဖက်ဆန့်လို့ သူ့ကိုရင်ခွင်ထဲပွေ့ဖက်ထားချိန်...
Bahamas မှာ jetskyမောင်းရင်း ရှောင်းကျန့်ကို ဝန်ခံဖြစ်ခဲ့တဲ့အချိန်...
ရှောင်းကျန့်က သူ့ကိုချစ်တယ်လို့ ခွင့်ပန်ခဲ့တဲ့အချိန်....
ရှောင်းကျန့်နဲ့အတူ လက်ထပ်စာချုပ်မှာ မြတ်နိုးခြင်းတွေ အတူတူရေးခြစ်ရတဲ့အချိန်...
သူတို့ အတူတူဖြတ်သန်းရတဲ့ အချိန်တွေအားလုံး.... အားလုံးပါပဲ...

100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||Where stories live. Discover now