Unicode;
"ဘာတွေဒီလောက်ကြာနေတာလဲ"
သူက နံရံမှာကပ်လို့..
အဲ့လူက သူ့ရှေ့မှာ နံရံတစ်ဖက်ကို လက်ထောက်ရပ်ရင်း သူ့ကိုမျက်နှာချင်းဆိုင်ကြည့်တယ်။"ဘာလုပ်တာလဲ"
နံရံကိုလက်တစ်ဖက်ထောက်ထားတာမို့ ပုခုံးတစ်ဖက်က မြင့်တက်နေကာ ရင်အုပ်ကြွက်သားနဲ့ ညှပ်ရိုးက ထင်းထွက်လာတယ်။
အဲ့လူဆီက အေးမြလတ်ဆတ်တဲ့ Shampoo နံ့က နှာခေါင်းထဲတိုးဝင်တဲ့အခါ သူက မဆီမဆိုင် ကျက်သီးတစ်ဖြန်းဖြန်းထမိရဲ့.."မင်းပြန်လာတာ ကိုယ်မြင်တယ်..
ဒီကြားထဲမှာ မိနစ်လေးဆယ်လောက်က ဘယ်ပျောက်နေလို့ အခုမှ ဒီရောက်လာတာလဲ... ကိုယ်အချိန်သိပ်ရနေတယ် ထင်လို့လား""ကျွန်တော့ကို ဒီလွတ်ဖို့ အိမ်တော်ထိန်းကို မှာထားတာလား"
"အပြင်မှာ မင်းရဲ့ပစ္စည်းတွေ စံအိမ်တစ်ခုစာလောက် ပြည့်နေတာကို ဒီကိုမလာလို့ ဘယ်သွားချင်လို့လဲ"
"ဒီအိမ်ကအကျယ်ကြီးလေ..
တခြားအခန်းတွေ အများကြီးကို"သူမေးတာကို မဖြေ။
သူ့ကိုဆတ်ကနဲဆွဲကာ ရေချိုးခန်းထဲ တွန်းလွှတ်ပြန်တယ်.."အချိန်မရဘူး ဆယ်မိနစ်အတွင်းပြီးအောင်လုပ်"
ဘာမှပြင်ဆင်ချိန်မရလိုက်တဲ့ သူက ရေချိုးခန်းထဲ ကုန်းကွကွနဲ့ ရောက်သွားတယ်.
ဒီဖေ...
သူမကျေမနပ် လှည့်အော်ရန်ပြင်တော့
"သွားရမဲ့နေရာက နာရီဝက်ကျော်မောင်းရဦးမှာ အထွန့်မတက်နဲ့"
ပြောပြီး တံခါးပိတ်သွားတဲ့အဲ့လူက လုံးဝကို အာဏာရှင်ပါလား...
သူစရောက်ကတည်းက ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ဒီလူ့အမိန့်တွေချည်းပဲ..မကျေနပ်ပေမဲ့ ဆယ်မိနစ်အတွင်းပြီးအောင် ချိုးလိုက်ပါတယ်..
စကားနားထောင်တာ မဟုတ်ဘူး...
တကယ်နောက်ကျနေလို့..ပြီးသွားတော့လည်း အဲ့လူစီစဥ်ထားပေးတဲ့ Suit ကြီးဝတ်ရပြန်တယ်..
သူ့မိဘတွေကို ဆွေပြမျိုးပြသွားတွေ့ရမှာမို့လို့ ဘာမှပြောမနေတော့ပါဘူး...
အဆင်ပြေတယ်လို့တော့ မဟုတ်ဘူးရယ်..
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...