Unicode;
နေရောင်တောက်ပတဲ့ မနက်ခင်းဟာ အခြားနေ့ရက်တွေလိုပါပဲ...
လှုပ်ရှားရုန်းကန်ရင်း ဖြတ်သန်းနေကြတဲ့ဘဝတွေဟာ ကိုယ်စီအလှုပ်ရှုပ်လို့ရယ်။
ကားလမ်းတွေပေါ်မှာ လမ်းတွေကျပ်ဆဲဖြစ်သလို ဥပဟိုသွားလာနေတဲ့ လူတွေဟာလည်း သူ့တို့ရဲ့နေ့စဉ်ဘဝကို ပုံစံအမျိုးမျိုးနဲ့ ဖြတ်သန်းကြဆဲပါပဲ...ဒီလူတွေရဲ့ အချိန်တွေ၊ အယူအဆတွေဟာ ခေါတ်ကာလနဲ့အညီ ပြေးလွားပြောင်းလဲနေရတယ်။
ဒီလူတွေရဲ့ အသိပညာဟာ သတင်းတွေဖြစ်မယ်။
ဒီလူတွေရဲ့ တစ်နေ့တာအပန်းဖြေမှုဟာ မီဒီယာတွေဖြစ်မယ်။ ဒါမှမဟုတ် အမျိုးမျိုးသော အနုပညာတွေလည်း ဖြစ်နိုင်ပါတယ်။ရှောင်းလုပ်ငန်းစုရဲ့Ceoနဲ့ ဝမ်ရိပေါ်တို့ရဲ့အကြောင်းဟာ လူစိတ်ဝင်စားမှုများဆဲဆိုပေမဲ့ နေ့စဉ်ပြောင်းလဲနေတဲ့ ခေါတ်ရေစီးကြောင်းရဲ့ အခြားသောအသစ်,အသစ်တွေအောက်မှာ တစ်စတစ်စ ဖုံးလွမ်းလာတယ်။
နောက်ပိုင်းကာလတွေမှာ လိင်တူချစ်ကြိုက်ခြင်းဆိုတာ ထူးဆန်းတဲ့အရာတစ်ခုအဖြစ်မမြင်လာတော့တာမို့ သူတို့ရဲ့နေ့ရက်တွေဟာ ထင်သလောက်မခက်ခဲတော့ဘူး....ဝမ်ရိပေါ်ဟာ ချိုသာနွေးထွေးတဲ့ကောင်လေးဖြစ်တယ်။
မထင်မှတ်ထားစွာပဲ သူဟာ လုပ်ဖော်ကိုင်ဖက်အားလုံးနဲ့သဟဇာတဖြစ်အောင် နေထိုင်တက်ပါတယ်။
တစ်ယောက်တည်းသွားလာနိုင်ပြီဖြစ်တဲ့ ဝမ်ရိပေါ်ဟာ အခုတော့လူတွေကို ပြုံးပြတက်နေပါပြီ...
ကျောပိုးအိတ်တစ်လုံးလွယ်လို့ ဆိုင်ကယ်တစ်စီးနဲ့ တစ်ယောက်တည်း ပေါ့ပေါ့ပါးပါးအလုပ်လာတာဖြစ်ပြီး lobby ကနေဝင်လာတာနဲ့ လူတိုင်းကိုခေါင်းငြိမ့်နုတ်ဆက်တက်တဲ့ကောင်လေးက မြင်နေကျနဲ့မတူတော့ဘဲ ဟန်အမူအရာကင်းကာ သိပ်ပြီးပျော်ရွင်ပေါ့ပါးနေဟန်ပါပဲ...CEO ရဲ့ချစ်လှစွာသော အိမ်သားလေးဖြစ်သည်ဆိုတာ အားလုံးကသိနေသည့်တိုင် ဒီကောင်လေးဟာ ဘာအခွင့်အရေးကိုမှပိုမယူပဲ အားလုံးနဲ့တန်းတူမျှတူ အလုပ်ကြိုးစားရှာပါတယ်။
ပုံမှန်လာတယ်။ သက်ဆိုင်ရာအလုပ်တွေလုပ်မယ်။ ပေါ့ပေါ့ပါးပါး စကားတွေပြောမယ်။
လွပ်လွပ်လပ်လပ်ရယ်မောမယ်။
ဒီကောင်လေးရဲ့ စိတ်ထားကို အားလုံးကသိလာလေတော့ အမြင်တွေပြောင်းလို့ ပိုပြီးချစ်ခင်လာကြတာပဲ...
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanficတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...