Unicode;
ဝမ်ရိပေါ် ရှောင်းကျန့်ဆိုတဲ့လူကို သိပ်မကျေနပ်ဘူး..
အခုမှ ရည်းစားထားဖူးတဲ့ဒီလူက သောက်ပိုတွေလည်း သိပ်လုပ်တယ်။
သူပြောလည်း ပြောတာပဲရှိတာ..
ရှောင်းကျန့်က အနီးကပ်နေကြည့်တော့မှ ထင်သလောက် ကျင့်ဝတ်ရှိပြီးတည်ငြိမ်တဲ့သူမဟုတ်မှန်း တစ်နေ့တစ်ခြားပိုသိလာရတယ်။
ဟန်တစ်လုံးပန်တစ်လုံးရှောင်းကျန့်ဆိုတဲ့ ပုဂ္ဂိုလ်ဆီမှာလည်း ကလေးဆန်တဲ့အပိုင်းတွေ သိပ်ရှိတာပဲ...အခုနောက်ပိုင်း ၀မ်ရိပေါ်အိပ်ရာနိုးလို့ တခါးဖွင့်လိုက်ရင် အပေါက်၀မှာ မိန့်မိန့်ကြီးရပ်နေတက်တဲ့ ပြုံးစစလူတစ်ယောက်ရှိနေတက်တယ်။
ကလူသို့မြှူသို့ စကားလုံးတွေဆိုရတာသိပ်ကြိုက်တဲ့အဲ့လူက တစ်ခါတစ်လေ မထင်ရင်မထင်သလို သူ့ကို အခန်းထဲတွန်းထည့်ပြီး မူး၀ေနေအောင်နမ်းလို့ မနက်ခင်းတွေကို အစပြုတက်သေးတယ်။"...."
ခက်တော့ခက်တယ်။
ဒီလိုအချိန်ဆိုရင် သူကလည်း အရှုံးမခံပဲ သူ့လက်နှစ်ဖက်ကို ရှောင်းကျန့်ရဲ့ဂုတ်ပိုးတွေဆီမှာရစ်တွယ်လို့ ယစ်ယစ်မူးမူးတုံ့ပြန်မိပါတယ်။
ဝန်မခံချင်ပေမဲ့ ရှောင်းကျန့်ရဲ့ ခပ်ရှရှပါးမြိုင်းမွေးရေးရေးရဲ့ အထိအတွေ့တွေက သိပ်ပြီးစွဲလမ်းဖွယ်ကောင်းတယ်လေ။
သူ့ရဲ့စိတ်တွေ ရှောင်းကျန့်အပေါ် ဘယ်လောက်ထိကျရောက်ပြီး ဘယ်အချိန်အထိရှည်ကြာနိုင်သလဲ မသိပေမဲ့ ရှောင်းကျန့်နဲ့အတူရှိချိန်ဆိုရင် ဘာကိုမှသိပ်မတွေးမိအောင်ကို သူ့အသိစိတ်တွေလမ်းပျောက်သွားတက်တာက ပုံမှန်ဖြစ်စဥ်လိုတောင်ဖြစ်နေပြီ...ဒါက တကယ်ခက်တယ်။
အဲ့ဒီလူက အချိန်အခါမရွေး အရမ်းထထနမ်းတက်တာလေးကလွဲရင် ဘာမှစည်းမကျော်ပါဘူး..
သူတို့ကြား တခြားဘာအပိုဆာဒါးမှ သိပ်မပြောဖြစ်ကြသလို နောက်ထပ် ဘာခံစားချက်ကိုမှလည်း ဖွင့်မဟဖြစ်ပါဘူး...ဒီအတိုင်း .... ကုန်ဆုံးနေတဲ့ နေ့ရက်တွေမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေရုံပါပဲ..
ဒီလူကသူ့အပေါ် ဘာကိုမှ ဖိအားပေးတာလည်းမရှိ၊ ချုပ်ချယ်တာမျိုးလည်း မရှိဘူး။
ဒီိလူ့ကို တစ်နေ့တခြား ယုံကြည်လာတဲ့သူက အဖြစ်သည်းတယ်ဆိုတာမျိုး ဘဝမှာမရှိခဲ့ဖူးပေမဲ့ ဒီလူရဲ့ ခပ်ပိုပိုအပြုအမူတွေကျ အရူးလိုနှစ်သက်မိနေသလားပဲ...
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...