Unicode;
သူ့ရှေ့ကဖိတ်စာကို ကြည့်ပြီး ဝမ်ရိပေါ် အတော်လေး အကျပ်ရိုက်နေတယ်...
ဖိတ်စာက ရှောင်းကျန့်ရဲ့လုပ်ငန်းပါတနာတစ်ဦးရဲ့ မင်္ဂလာနှစ်ပတ်လည်ညစာစားပွဲဖိတ်စာလေးဖြစ်တယ်။
ဒီပွဲကို ဖိတ်ကြားတဲ့ပုံစံက စုံတွဲလိုက်ပွဲတက်ရမဲ့ အဓိပ္ပါယ်မျိုး...ရှောင်းကျန့်အနေနဲ့က အတော်လေး အရေးပါတဲ့ပါတနာမျိုးဖြစ်တာမို့ မတက်ပဲနေလို့ရတဲ့ အနေအထားဟုတ်မနေဘူး..
သူအိမ်ထောင်ပြုပြီးသွားတာလည်း အားလုံးသိပြီးသားမို့ သူ့ဘက်က ငြင်းလို့မရဘူးဖြစ်နေတာ..
ပြီးတော့ ရှောင်းကျန့်ရဲ့အိမ်ထောင်ဘက်ကို အားလုံးက အကြီးအကျယ် စိတ်ဝင်စားနေကြတယ်။ဝမ်ရိပေါ်က မျက်စိပျက် မျက်နှာပျက်နှင့်..
"ကျွန်တော်နဲ့ ခင်ဗျားက ဒီလိုမျိူးမဖြစ်မနေပွဲတက်မှကို ရမှာလား.. ငြင်းလိုက်လို့မရဘူးလား"
"မင်းအဆင်မပြေလောက်ဘူးထင်လို့ ကိုယ် ပြီးခဲ့တဲ့တစ်လလုံး ငြင်းနိုင်သမျှပွဲ အကုန်ငြင်းခဲ့ပြီးပြီ... ဒါကတော့ ငြင်းလို့မရတော့တဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်.. အဲ့တာအပြင် ဒီပွဲမှာ မင်းနဲ့ကိုယ့်ကို ပွဲထုတ်ချင်နေတဲ့ရည်ရွယ်ချက်လည်း ပါနေတယ်လို့ ကိုယ်ထင်တာပဲကွာ... ဘယ်လိုမှပြောမရဘူး"
ရှောင်းကျန့်ဘက်ကလည်း အားနာနေပုံရပြီး မသက်မသာလေသံနဲ့ ပြောလာတယ်။
တကယ်လည်း မသက်သာဘူး..
သူစီစဥ်နေတဲ့ ပရောဂျက်မှာအဓိကအားကိုးရမဲ့လူဆိုတော့ ဒါကိုပဲကိုင်ပြီး မဖြစ်မနေခေါ်လာခိုင်းနေတာ..
ဘယ်လိုမှမသက်သာတဲ့အဆုံး ဝမ်ရိပေါ်ကို ထိပ်တိုက်တောင်းဆိုရတော့တာပဲ.."ဟူး... ခင်ဗျားသာ ကျွန်တော်နဲ့ လက်မထပ်ခဲ့ရင် ဒါမျိုးကြုံရမှာ မဟုတ်ဘူး"
"မင်းသာ ကိုယ်နဲ့သာလက်မထပ်ရင် ဒီထက်ဆိုးတဲ့အခြေအနေနဲ့ ကြုံချင်ကြုံနေရမှာ"
"ဟ"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို စိတ်မပါလက်မပါကြည့်တယ်..
" ရှောင်းကျန့်.. ခင်ဗျားကကျွန်တော့ကို အညှာလာကိုင်နေတာလား... ပြောပါဦး.. ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်နဲ့ လက်ချိတ်ပြီး ပွဲတက်ရတာထက်ဆိုးတဲ့ အခြေအနေရှိသေးလို့လား..."
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...