Unicode;
ကားပေါ်က ဘောက်ဆတ် ဘောက်ဆတ်ဆင်းသွားတဲ့ကောင်လေးက သူကလွဲ တစ်အိမ်လုံးနဲ့စကားပြောတယ်....
မားကို ဝင်နုတ်ဆက်တယ်။
ဝမ်ရိပေါ်နဲ့ မားက အတော်လေးအဆင်ပြေတယ်..
မားခရီးထွက်ချိန်ဆို လိုအပ်တာကူညီပေးပြီး ဟိုဟိုဒီဒီမှာတက်တယ်။
ပြန်ရောက်လာရင်လည်း ညတိုင်းသွားနုတ်ဆက်လေ့ရှိတယ်။
တစ်ခါတစ်လေ အတူတူစကားပြောသလို ချက်စ်ထိုးသလိုလို ဇာတ်လမ်းတွဲကြည့်သလိုလိုနဲ့ ရယ်မောနေကြသေးတာ...
တကယ့်သားအမိလိုပဲ...
အဲ့ဒီကြားထဲမှာ သူတော့မပါဘူးပေါ့လေ..ကြည့်ရတာ သူ့ကိုပဲကွက်ပြီး မိုးစွေနေတာပဲ..
"ဝမ်ရိပေါ် မင်းအဝတ်တွေ.."
"ကျွန်တော့ကို ခင်ဗျားအပိုင်လိုလာမဆက်ဆံနဲ့"
"...."
အသံက မုန်တိုင်းလို မာထန်လို့နေတာပဲ...
ရန်ကူးက မလှမ်းမကမ်းကနေ မေးဆတ်ပြတယ်..
သူက ခေါင်းခါပြလိုက်တယ်။
တကယ်လည်း ဝမ်ရိပေါ်ဘာဖြစ်မှန်း မသိဘူး..မိုးက ပိုသည်းလာတယ်...
မားရဲ့အခန်းထဲက ရေဒီယိုဆီက မိုးလေဝသသီတင်းကို သဲ့သဲ့ကြားနေရတယ်...
တစ်ညလုံး လေမိုးကြီးမဲ့ပုံပဲ....
.မိုးစက်တွေရဲ့ရိုက်ခတ်သံက တစ်ဂျိမ်းဂျိမ်း..
နားထဲ ဖြိုးဖြိုးဖျောက်ဖျောက်အသံတွေကြောင့် နိုးလာရတယ်...
ဘေးက မီးခလုတ်ကိုလှမ်းတို့တော့ အရာမယွင်းမှောင်မဲနေလျက်သား..မီးပျက်နေတာလား...
မိုးသံလေသံတွေကြားက တစ်ခုခုကိုထုရိုက်သံတွေက အဆက်မပြတ်..
"ဒုန်း...ဒုန်း.."
တံခါးဆီက..
ဒီအချိန်ကြီး ဘယ်သူဘာဖြစ်လို့လဲ..
သူ တံခါးနားလျောက်သွားလိုက်တယ်.."ဒုန်း...ဒုန်း.."
"ဘယ်သူလဲ.."
"ရှောင်းကျန့်....."
ဝမ်ရိပေါ်....
သူတံခါးဖွင့်လိုက်တာနဲ့ ကောင်လေးက သူ့ဆီကိုပြိုလဲကျလာတယ်..
တစ်ကိုယ်လုံးတုန်ယင်နေကာ အေးစက်နေလျက်...
ရုပ်တရက် နေမထိထိုင်မသာဖြစ်သွားခြင်းက ဘယ်လိုပြောရမလဲ..
YOU ARE READING
100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||
Fanfictionတခြားလူတွေက ဘယ်လိုစတင်ပါသလဲ... ဒီအရူးနှစ်ဦးကတော့ 100% ကနေစတယ်...