100%. Twenty Five.

4.9K 442 12
                                    

Unicode;

သူတို့နှစ်ယောက်အတွက် အတူရှိချိန်တွေကရှားတယ်။
ရှောင်းကျန့်က လုပ်ငန်းစုတစ်ခုလုံးကို ဦးစီးနေရတဲ့သူပီပီ အစဉ်သဖြင့်အလုပ်များနေတက်ပြီး ခရီးစဉ်တွေဆိုတာကလည်း မရေတွက်နိုင်အောင်ရှိတယ်။

ဝမ်ရိပေါ်လည်း သိပ်တော့မထူးပါဘူး..
သူကလည်း နောက်ပိုင်းလူသိများလာတဲ့နောက် အလုပ်က အရမ်းများတယ်။
Agency မှာ join ဖို့ပြန်ဆက်သွယ်လာတဲ့ ခေါ်ဆိုမှုတွေနဲ့ ကြောငြာတွေ၊ Fashion program ကမ်းလှမ်းမှုတွေအပြင် MVရိုက်ကူးဖို့တောင် လာဆက်သွယ်တဲ့သူရှိလာတယ်။ Fashion show တွေမှာ ဝမ်ရိပေါ်ရဲ့နာမည်ဟာ ရှေ့ရောက်သထက်ရောက်လာပြီး ဒီဇိုင်နာတွေ ဝမ်ရိပေါ်အနားမှာ ခြေချင်းလိမ်လာတယ်။
အနားမယူဖြစ်ပဲ တစ်ဖြေးဖြေး သူ့လှုပ်ရှားမှုတွေစိပ်လာတာနဲ့အမျှ ဝမ်ရိပေါ်လက်ထပ်ထားတယ်ဆိုတဲ့သတင်းဟာ ကောလဟာလမျှသာ လူတွေထင်လာကြတော့တယ်။

သူ့အတွက် ရုန်းကန်ရတာ လွယ်တယ်လို့တော့မဟုတ်ဘူး...
ကျယ်ပြန့်လွန်းတဲ့ ဒီလောကကြီးမှာ စီနီယာတွေဆိုတာ ဒုနဲ့ဒေး။
နာမည်ကြီးလာတိုင်းလည်း မကောင်းဘူး။
သူအနေအစားသိပ်ကျပ်တယ်။
ကျိရန်တောင် သူ့ကိုအရင်လို လွပ်လွပ်လပ်လပ်စကားမပြောတော့ဘူး။
ဘာလို့ဆို ဒင်းက တရားဝင်လုပ်စားနေပြီလေ။
ဝမ်ရိပေါ်ရဲ့ တာဝန်ခံအနေနဲ့...

ဝမ်ရိပေါ်မှာ Agency မလိုဘူး.
လိုအပ်သမျှ ပံ့ပိုးကာကွယ်ပေးမဲ့ သူ​ဌေးမလိုဘူး.
ဝမ်ရိပေါ်က လွပ်လပ်တယ်။
ဒါပေမဲ့ ဝမ်ရိပေါ်နောက်မှာ ရှောင်းကျန့်ဆိုတဲ့ လက်မည်းကြီး​တော့ရှိတယ်။

လက်မခံဘူးဆိုလည်း မရဘူး..
သူ့အတွက် ကား၊ ဒါရိုက်ဘာနဲ့ ဘော်ဒီဂတ်အထိထားထားတယ်။
သူက အေးဆေးအလုပ်လုပ်ရုံပဲ...
နာမည်ရလာတော့ ကြေးကလည်းမြင့်လာတယ်လေ..
စီနီယာအချို့ရဲ့ မကြည်ကြည့်တော့ ကြည့်ခံရတာပေါ့...
အားလုံးရဲ့အမြင်မှာ ဝမ်ရိပေါ်ဟာ တစ်ကိုယ်တော်ရပ်တည်ပြီး အားလုံးကိုကျော်ဖြတ်မည့်ဟန်ဖြစ်နေတယ်...

ဒါဟာ ရှောင်းကျန့်ကြောင့်လည်းပါတယ်။
ဒီလူသာသူ့ကို ဒီလောက်ထိ Supportမ​​ပေးရင် သူလည်းဒီလောက်ထိ လူသိများမှာမဟုတ်ဘူး။
တရုပ်ပြည်ရဲ့ နေရာတော်တော်များများမှာ သူ့ရဲ့LEDကြော်ငြာဘုတ်ကြီးရှိတယ်။
တစ်နေရာမဟုတ် တစ်နေရာမှာ ဝမ်ရိပေါ်မျက်နှာကို Xiao နဲ့တွဲပြီးမြင်နိုင်တယ်။

100 PERCENT + (တစ်ရာ ရာခိုင်နှုန်းရဲ့အထက်) || 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ||Where stories live. Discover now